နေပြည်တော် အောက်တိုဘာ(၂၉)ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများ၊ Japan International Coorperation Agency- JICA Office မှ ဌာနေကိုယ်စားလှယ် Mr.Kohtaro NISHIGATA ဦးဆောင်သော အားကစားနည်းပြ Volunteer များ တက်ရောက် ကြပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (ရန်ကုန်၊မန္တလေး)၌ အားကစားနည်းပြ Volunteer အဖြစ် (၂၅.၁ဝ.၂ဝ၁၈)ရက်နေ့မှ (၂၄.၁ဝ.၂ဝ၂ဝ) ရက်နေ့အထိ (၂)နှစ်တာ တာဝန်ထမ်းဆောင်မည့် Mr.Susumu SHIMODA (ပြေးခုန်ပစ်)၊ Mr.Yuichi YAMANE (ဘော်လီဘော)၊ Mr.Yusuke OUCHI (ဘော်လီဘော) တို့မှ ဒုတိယဝန်ကြီးအား ရင်းရင်းနှီးနှီးတွေ့ဆုံဂါရဝပြုခဲ့ပြီး အားကစားနည်းများတွင် လိုအပ်ချက်များအတွက် အကူအညီရရှိစေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။