spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ နို၀င်ဘာလ(၁)ရက်။         

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊  ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ (၂)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ (၂)ဂိုးစီ သရေဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။    

 

(၂.၁၁.၂၀၁၈)ရက်နေ့တွင် နံနက်(၇:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃) ၌  ရခိုင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%89%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8