spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲ၀င်အသင်းများအား မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား

(၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲ၀င်အသင်းများအား မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား

ရန်ကုန်၊ နို၀င်ဘာလ(၂ )ရက်။        

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ၂၀၁၈ခုနှစ် (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲ၀င်အသင်းများအား မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌ ယနေ့ ညနေ(၃)နာရီကကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲ၀င်အသင်းများတက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားကာ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီ၀င်းက ပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေါက်တာရွှေအိမ်စည်က Vitahome အားဆေးအကြောင်းအားရှင်းပြပြီး ပြိုင်ပွဲ၀င် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းအားလုံးအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက ပြိုင်ပွဲ၀င်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ(၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲကို နို၀င်ဘာ(၄)ရက်နေ့မှ (၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏတွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၅)ခုမှ အသက်(၁၂)နှစ်အောက် အငယ်တန်း(၉)ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၃)နှစ်နှင့်အထက် အကြီးတန်း(၉)ယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲများထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ၀င်ရောက်ကြည့်ရှု အားပေး နိုင်ကြောင်းသိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%84%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8