ရန်ကုန်၊ နို၀င်ဘာလ(၃)ရက်။
The South East Asian Women and Sports Seminar 2018 ဖွင့်ပွဲသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Hotel Melia Yangon &Sd Function Room-5 ၌ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင်အဖွဲ့ အဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်၊ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ချုပ်အမှုဆောင်များ၊ စင်ကာပူနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသမီးအားကစားကော်မတီမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို Women and Sports Seminar ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုလိုကျင်းပနိုင်သည့်အတွက် အတွေ့အကြုံများဖလှယ်ခွင့်ရရှိပြီး နောင်တွင် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှလည်း အားကစားသည် ကျား/မ ခွဲခြားခြင်းမရှိ တန်းတူအခွင့်အရေးဖော်ဆောင်သည့်နေရာတွင် အခြေခံကျ အရေးပါသော အခန်းကဏ္ဍ အဖြစ် Olympic Charter တွင် ပါရှိသည်နှင့်အညီ အမျိုးသမီးများ အားကစားလှုပ်ရှားမှုများတွင် ပါ၀င်လှုပ်ရှားနိုင်ရေးနှင့် ခေါင်းဆောင်မှုအရည်အသွေးများဖွံ့ဖြိုးတိုးတက်ရေးများကို ပူးပေါင်းဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍လည်းကောင်း၊ '' What Women and Sports Can do for Nations" ခေါင်းစဉ်ဖြင့် Vice Present of Olympic Committee Malaysia မှ Dato. Mumtaz Jaffar မှလည်းကောင်း၊ ''Peace & Sports'' ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ '' The Time is Now, South East Asia Gender Equality and Equity in Sports '' ခေါင်းစဉ်ဖြင့် Chair Person of SEAGF Women and Sports Committee(Philippines) မှ Ms. Karen Claire Caballero မှလည်းကောင်း၊ ''Time Management & Obstacles''ခေါင်းစဉ်ဖြင့် Professional Athlete & Speaker Ms. May Ooi ကလည်းကောင်း၊ ''History of Myamar Women's Sports and Activities '' ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီ၀င်းမှ လည်းကောင်း၊ '' Myanmar Women's and Sports Activities '' Video Show ခေါင်းစဉ်ဖြင့် Assistant Director of MOHS မှMai Olivia Yin Hua မှလည်းကောင်း၊ '' Brighten Women and Sports 1994 to Helsinki 2014 Women and Sports Declaration'' ခေါင်းစဉ်ဖြင့် OCA, ASEAN Women and Sports Committee, NOCT Vice President မှ Dr. Supitr Samahito, Ph.D တို့ကလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ (၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။