spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ဘော်လီဘောနည်းပြ သင်တန်း(အဆင့်-၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ဘော်လီဘောနည်းပြ သင်တန်း(အဆင့်-၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 
 
နေပြည်တော်၊ နိုဝင်ဘာလ (၅) ရက်။ 
 
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ဘော်လီဘောနည်းပြ သင်တန်း(အဆင့်-၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ဘော်လီဘော အဖွဲ့ချုပ် (FIVB) မှတာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Mr.Shameem AI MAMUM၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာ့အားကစားအဆင့်အတန်းကို အရှေ့တောင်အာရှ နိုင်ငံများအလယ်တွင် ပြန်လည် အနိုင်ရရှိအောင်ကြိုးစားရမှာဖြစ်ပြီး ထိုမှတဆင့် အာရှအဆင့်အားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် ဆင့်ကဲဆင့်ကဲ ကြိုးစားရမှာ ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချမည့် အားကစားဆိုင်ရာ သင်ခန်းစာများကို မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်အသုံးချပြီး မိမိနိုင်ငံ၏ အမျိုးသားအားကစား အဆင့်အတန်းတိုးတက် မြင့်မားအောင်နှင့် မျိုးဆက်သစ်ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများပေါ်ထွက်အောင် ပြုစုပျိုးထောင်ပေးပြီး အရည်အသွေး ပြည့်ဝသော နည်းပြများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
 
 
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ဘော်လီဘော အဖွဲ့ချုပ်မှ (FIVB) မှ တာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Mr.Shameem AI MAMUM နည်းပြများအား ဘော်လီဘောအားကစားနည်းကို  ယခုသင်တန်းမှတဆင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
 
အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၃)ဦးဖြင့် (၅.၁၁.၂ဝ၁၈)ရက်နေ့မှ (၉.၁၁.၂ဝ၁၈)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE-%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%8A%E1%80%AE%E1%80%8A%E1%80%BD%E1%80%90%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%85%E1%80%AE%E1%80%A1%E1%80%85%E1%80%89%E1%80%BA%E1%80%A1%E1%80%9B-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-0