spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

 
 
နေပြည်တော် ၊ နိုဝင်ဘာလ(၅)ရက်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ ညနေ (၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၁)၌ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ် အသင်းမှ ကယားပြည်နယ်အသင်းကို  (၃) ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို  (၄) ဂိုး ဂိုးမရှိ ဖြင့် လည်းကောင်း  အသီးသီးအနိုင် ရရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။
 
 
(၆.၁၁.၂ဝ၁၈)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၇.၁၁.၂ဝ၁၈) ရက်နေ့ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက် (၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ကွင်း(၁) ၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃) ၌ မွန်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ (၃:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ကွင်း(၁) ၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃) ၌ ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%89%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-0