spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(AEROBIC) ပြိုင်ပွဲ၊ဗိုလ်လုပွဲများနှင့် ဆုပေးပွဲကျင်းပ

၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(AEROBIC) ပြိုင်ပွဲ၊ဗိုလ်လုပွဲများနှင့် ဆုပေးပွဲကျင်းပ

 
 
ရန်ကုန်၊ နိုဝင်ဘာလ(   ၇  )ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (AEROBIC) ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲများကို ယနေ့နံနက်(၉)နာရီမှစတင်ကာ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
 
ဆုပေးပွဲများမစတင်မီ ဗိုလ်လုပွဲများကို ကျင်းပရာ အမျိုးသမီးအကြီးတန်း(၉) ယောက်တွဲ ဗိုလ်လုပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းစိတ်ကြိုက်စွမ်းရည်ပြ ဗိုလ်လုပွဲနှင့်  Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမဆုမှ တတိယဆု ထိရရှိကြ   သည့် အသင်းများက သရုပ်ပြသခဲ့ကြသည်။
 
ဆက်လက်ပြီးဆုပေးပွဲများကိုကျင်းပရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများအား ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်အရုပ်လေးများကို မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက ပေးအပ်၍လည်းကောင်း၊ အမျိုးသမီး (၉)ယောက်တွဲအငယ်တန်းပြိုင်ပွဲတွင် ပထမဆုရ ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရ  ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆုရ မွန်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီး အကြီးတန်း(၉)ယောက်တွဲပြိုင်ပွဲ၌ ပထမဆုရ ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရ မွန်ပြည်နယ်အသင်း နှင့် ပဉ္စမဆုရ ကရင်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲပြိုင်ပွဲ၌  ပထမဆုရ  ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ  ကချင်ပြည်နယ်အသင်း၊ တတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရ ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆုရ ရခိုင်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းစိတ်ကြိုက်စွမ်းရည်ပြိုင်ပွဲ၌ ပထမဆုရ သဲစု(ရန်ကုန်တိုင်း ဒေသကြီး)၊ ဒုတိယဆုရ  စန္ဒာပြည့် (ကချင်ပြည်နယ်)၊ တတိယဆုရ  ဖြိုးပပသော် (စစ်ကိုင်းတိုင်းဒေသကြီး)၊  စတုတ္ထဆုရ  အေးအေးစိုး(ရခိုင်ပြည်နယ်) နှင့် ပဉ္စမဆုရ နှင်းနန္ဒာကျော် (မန္တလေးတိုင်းဒေသကြီး)တို့မှ လည်းကောင်း၊ Myanmar Fitness Dance  ပြိုင်ပွဲ၌ ပထမဆုရ (ရန်ကုန်တိုင်းဒေသကြီးအသင်း)၊ ဒုတိယဆုရ (ကချင်ပြည်နယ်)၊ တတိယဆုရ(ကရင်ပြည်နယ်)၊ စတုတ္ထဆုရ မွန်ပြည်နယ်နှင့် ပဉ္စမဆုရ (မန္တလေးတိုင်းဒေသကြီး) အသင်းတို့မှလည်းကောင်း ဆုများအသီးသီးရရှိကြရာ  မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်နန်းအေးခိုင်နှင့် နာယကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌ ဒေါ်ချိုချိုလွင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်လည်ဆွဲနှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
 
 
ဆက်လက်ပြီး ၂ဝ၁၈ခုနှစ်အတွက် (၂၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ်  စုပေါင်းတံခွန်စိုက်ဒိုင်းဆုကို  ကရင်ပြည်နယ်အသင်းက ရမှတ်(၃)မှတ်ဖြင့် စတုတ္ထ၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရမှတ် (၁၉)မှတ်ဖြင့်တတိယ၊ ကချင်ပြည်နယ်အသင်းက ရမှတ်(၄၁)မှတ် ဖြင့် ဒုတိယနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရွှေ(၃)၊ ငွေ(၂) ရမှတ်စုစုပေါင်း (၄၄)မှတ်ဖြင့် ပထမစုပေါင်းတံခွန်စိုက်ဆုကြီးကို ရရှိသွားရာ အဆိုပါ စုပေါင်းတံခွန်စိုက်ဆုကြီးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ ဆုချီးမြှင့်ပေးခဲ့သည်။
 
 
အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ် (Aerobic) ပြိုင်ပွဲတွင် (၉)ယောက်တွဲ အငယ်တန်း ၊ (၉)ယောက်တွဲအကြီးတန်း၊ Myanmar Fitness Dance ပြိုင်ပွဲများတွင် ပထမ မှ  ပဉ္စမအထိ စုစုပေါင်း ဂုဏ်ပြုဆုငွေ (၃၆)သိန်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမ မှ ပဉ္စမအထိ စုစုပေါင်းဂုဏ်ပြုဆုငွေ (၇)သိန်း(၂)သောင်းနှင့် တစ်ဦးချင်းပြိုင်ပွဲအတွက် စုစုပေါင်းဂုဏ်ပြု ဆုငွေ (၁)သိန်း(၂)သောင်း၊ စုစုပေါင်း ဂုဏ်ပြုဆုငွေ (၄၅)သိန်း ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%82%E1%81%84%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%94%E1%80%BA%E1%80%B8aerobic