ရန်ကုန်၊ နို၀င်ဘာ(၈)ရက်။
အင်ဒိုနီးရှားနိုင်ငံတွင် နို၀င်ဘာလ(၂) ရက်နေ့မှ (၇)ရက်နေ့ အထိ ကျင်းပခဲ့သည် (၄)ကြိမ်မြောက် အာရှ ဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်း ယနေ့နံနက် (၉:၂၅)အချိန်ပြန်လည်ရောက်ရှိလာရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ အားကစားသမားများ မိဘဆွေးမျိုးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသားကျောင်းသူများက သွားရောက် ကြိုဆိုခဲ့ပါသည်။
ပြိုင်ပွဲသို့ မြန်မာအသင်းအနေဖြင့် အုပ်ချုပ်သူ နည်းပြများအဖြစ် ဦးကျော်၀င်းနိုင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဗိုဗိနမ်အဖွဲ့ချုပ်)နှင့် ဒေါ်ခင်လေးမွန်(အမှုဆောင်၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်) တို့လိုက်ပါပြီး၊ အားကစားသမားများအဖြစ်၊ မောင်ရဲ၀င့်ထူး၊ ဆလိုင်းမနားကွီး၊ မောင်ဘိုဘို၊ မခိုင်ဝါဖူးတို့ လိုက်ပါသွားခဲ့ပြီး၊ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁၀)ကို ဆွတ်ခူးနိုင်ခဲ့ကာ နိုင်ငံပေါင်း (၁၇)နိုင်ငံ အနက် အသင်းလိုက် တတိယဆုကို ရရှိခဲ့ပါသည်။