spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းမှ ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၁ဝ)ခုရရှိလေဆိပ်၌ကြိုဆိုနှုတ်ဆက်

(၄)ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းမှ ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၁ဝ)ခုရရှိလေဆိပ်၌ကြိုဆိုနှုတ်ဆက်

 
ရန်ကုန်၊ နို၀င်ဘာလ(၈)ရက်။
 
၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့မှ (၇)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင်ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် အာရှ ဗိုဗီနမ် ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁ဝ)ခုရရှိခဲ့သည့် မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဝင်းနိုင်(အုပ်ချုပ်/နည်းပြ) ခေါင်းဆောင်သည့် အောင်ပွဲ ရ မြန်မာဗိုဗီနမ်အသင်းသည် ယနေ့နံနက်(၉)နာရီက လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိလာရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ ကျောင်းသား/ကျောင်းသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
 
 
 
အဆိုပါ ပြိုင်ပွဲ၌ အမျိုးသားနှစ်ယောက်တွဲ (Dual Form) အပြပြိုင်ပွဲတွင် ဆလိုင်းမနားကွီး နှင့် မောင်ဘိုဘိုတို့ အတွဲက ရွှေတံဆိပ်(၁)ခု၊ အမျိုးသားလက်အပြ (Dragon Form ) ပြိုင်ပွဲ၌ ရဲဝင့်သူ က ရွှေတံဆိပ်(၁)ခု၊  (Dragon Tiger Form) အမျိုးသမီး  လက်အပြပြိုင်ပွဲ၌ မခိုင်ဝါဖူး က ရွှေတံဆိ်ပ်(၁)ခု၊ အမျိုးသား (Ying - Yang Sword Form) တစ်ကိုယ်တော်ဓါးတစ်လက်အပြ ပြိုင်ပွဲ၌ ဆလိုင်းမနားကွီး က ငွေတံဆိ်ပ်(၁)ခု၊ (Five Gate Form ) ပြိုင်ပွဲ Form Elemet Staff ပြိုင်ပွဲနှင့် အမျိုးသား(၅၈)ကီလိုတန်း အတိုက်ပြိုင်ပွဲများ ၌ ဘိုဘိုက ကြေး(၃)ခု၊ အမျိုးသမီး(၅၄)ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ Ying  -Yang Sword Form  ပြိုင်ပွဲ၊ Dual Knife  Form ပြိုင်ပွဲနှင့်  Aspect  Broads ပြိုင်ပွဲများ၌ ကြေးတံဆိပ် (၄)ခု၊ အမျိုးသား(၅၄)ကီလိုတန်းအတိုက်ပြိုင်ပွဲနှင့် (Pair Machete Form) ပြိုင်ပွဲများ၌ ဆလိုင်းမနားကွီး က ကြေး(၂)ခုနှင့် အမျိုးသား/အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲ၌ ကြေး (၁)ခုတို့ အသီးသီးရရှိခဲ့ကြသည်။
 
ပြိုင်ပွဲသို့ နိုင်ငံပေါင်း(၁၆)နိုင်ငံမှ အားကစားသမားပေါင်း (၂၃ဝ)ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုအရ ရွှေ(၁၃)ခု၊ ငွေ(၁၁)ခု၊ ကြေး(၁)ခုဖြင့် ဗီယက်နမ် နိုင်ငံ က ပထမ၊ ရွှေ(၁၁)ခု၊ ငွေ(၁၁)ခု၊ ကြေး(၁၄)ခုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ဒုတိယနှင့် ရွှေ(၃)ခု ၊ ငွေ(၁)ခုနှင့် ကြေး(၁ဝ)ခုဖြင့် မြန်မာနိုင်ငံမှ နိုင်ငံအလိုက် တတိယအဆင့် ရရှိခဲ့ကြောင်း  သတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%84%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BE-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%83%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%81%81%E1%80%81%E1%80%AF%E1%81%8A