ရန်ကုန်၊ နိုဝင်ဘာလ( ၉ )ရက်။
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌဖလား (၆)ပေါက်တန်း (အမျိုးသား)အလွတ်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဖွင့်ပွဲ ကို ယနေ့နံနက်(၉)နာရီ က ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ)အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ကြီးမှူးပြီး နှစ်စဉ်ကျင်းပတဲ့ ဥက္ကဌဖလား ပြိုင်ပွဲဖြစ်ပါတယ်။ ယခုဟာဆိုရင် ပြိုင်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်မှု နောက်ကျသွားတာဖြစ်လို့ ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ပြိုင်ပွဲဝင်အသင်း (၂ဝ)ကျော်လောက်ယှဉ်ပြိုင်တဲ့ပွဲဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ အသင်း(၉)သင်းသာယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ ယခုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အုပ်ချုပ်သူ/နည်းပြအပါအဝင် ပြိုင်ပွဲဝင်အားကစားသမားများကို ခရီးစရိတ်/ နေထိုင်/ စားသောက်စရိတ်တွေအပါအဝင် ဆုကြေးများကိုလည်း ယခင်နှစ်များအတိုင်း ထိုက်ထိုက်တန်တန် ချီးမြ§င့်ပေးသွားဖို့ အဖွဲ့ချုပ်မှ စီစဉ်ထားပြီးဖြစ်ပါသည်။ ခြင်းလုံး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းရေးက အဓိကကျတာကြောင့် ယခုပြိုင်ပွဲမှ ထွက်ပေါ်လာမည့် မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်ကာ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်ပေးပြီး လာမည့် (၃ဝ)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင် ကစားခွင့် ရရှိအောင် အဖွဲ့ချုပ်အနေဖြင့် ဆက်လက်ကြိုးစားသွားပါမယ်လို့ ဥက္ကဌ ဦးစိုးနိုင်မှ ယခုလိုပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်မှ အဖွင့် အမှာစကားပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြောက်ရေးကြီးကြပ်မှုကော်မရှင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်နှင့် အဖွဲ့ဝင်များ၊ အားကစား နှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ချုပ်ဥက္ကဌ တို့မှ ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ခြင်းလုံးလက်ရွေးစင်အားကစားသမားများက ဝိုင်းဖွဲ့ခြင်းကစားခြင်းနှင့် တစ်ကိုယ်တော်စွမ်းရည်ပြ သရုပ်ပြခတ်ကစားကြပါသည်။ ဆက်လက်ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အသင်း(၉)သင်းတို့မှ ယှဉ်ပြိုင်ရာတွင်(၂)ရက်ပေါင်း ရမှတ်အများဆုံး (၄)သင်းတို့ ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရှိပြီး၊ ဖိုင်နယ် ဗိုလ်လုပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားကာ ပထမကို ဆုငွေ(၁ဝ)သိန်း၊ ဒုတိယကို ဆုငွေ (၇)သိန်း၊ တတိယကို ဆုငွေ(၅)သိန်းနှင့် နှစ်သိမ့်ဆုကို (၃)သိန်းချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို အောက်တိုဘာလ (၁၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။