spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ခုနှစ် နဝမအကြိမ်မြောက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၇ခုနှစ် နဝမအကြိမ်မြောက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ(၁၂)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက် မပြတ် ထွက်ပေါ်လာစေရန်အတွက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ခုနှစ် နဝမအကြိမ်မြောက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ  အမျိုးသားပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေး ဝန်ကြီးဌာနအသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၃)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွား ပါသည်။
 
ဆက်လက်၍ အမျိုးသမီးပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ (၃)ပွဲ၊(၁)ပွဲဖြင့် အနိုင်ရရှိသွားပါသည်။ ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိပါ သည်။
 
အဆိုပါ ၂ဝ၁၇ခုနှစ်၊ နဝမအကြိမ်မြောက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသားပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ အမျိုးသမီးပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းနှင့် ပညာရေးဝန်ကြီီးဌာနအသင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့သည် (၁၃.၉.၂ဝ၁၇)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B) ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မိဘပြည်သုူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%80%9D%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2