spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကွာတားပွဲစဉ်များဆက်လက်ကျင်းပ

၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကွာတားပွဲစဉ်များဆက်လက်ကျင်းပ

 
 
နေပြည်တော်၊ နို၀င်ဘာလ(၁၂)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပသော ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများ၌ကျင်းပပြုလုပ်ရာ ကွင်းအမှတ်(၄)တွင် အမျိုးသားကွာတားပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ကွင်းအမှတ်(၁)တွင် ရခိုင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ရခိုင်ပြည်နယ်အသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။
 
 
 
အမျိုးသမီးကွာတားပွဲစဉ်များအဖြစ် ကွင်းအမှတ်(၃)တွင် ကယားပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ ကယားပြည်နယ်အသင်းမှလည်းကောင်း၊ တင်းနစ်လေ့ကျင့်ရေးကွင်းဘေးတွင် ရခိုင်ပြည်နယ်အသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ရခိုင်ပြည်နယ်အသင်းမှလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ညနေပိုင်းပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
 
အဆိုပါ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ခရစ်ကက်ပြိုင်ပွဲကို (၉.၁၁.၂၀၁၈)ရက်နေ့မှ (၁၄.၁၁.၂၀၁၈)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများတွင် ယှဉ်ပြိုင်ကစားလျက်ရှိပြီး (၁၃.၁၁.၂၀၁၈)ရက်နေ့တွင် အမျိုးသားဆီးမီးဖိုင်နယ်ပွဲစဉ်နှင့် အမျိုးသမီးဆီးမီးဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%80%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BD%E1%80%AC%E1%80%90%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95