လွိုင်ကော် နိုဝင်ဘာ (၁၂) ။
ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စွာဖြင့် နိုင်ငံ့ တာဝန်များကို စွမ်းအားပြည့် တက်ကြွပျော်ရွှင်စွာဖြင့် ထမ်းဆောင်နိုင်ရေး အထောက်အကူဖြစ်စေရန်၊ လုပ်ငန်းခွင်တွင် ပျော်ရွှင်၍ ခန်ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာစေရန်၊ ပြည်နယ်တွင်းဝန်ထမ်းများ အချင်းချင်း ချစ်ကြည်စည်းလုံးမှု ရရှိစေရန်၊ ဝန်ထမ်းများ ကာယ၊ ဉာဏ၊ စာရိတ်တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်ဘော်လီဘောလက်ရွေးစင် ကစားသမားများမွေးထုတ်ပေးနိုင်ရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကျင်းပသည့် ၂၀၁၈ ခုနှစ် ၊ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကို ယနေ့ ညနေ (၂) နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားရုံ(ဒေါဥခူ)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်လယ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၊ ကယား ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ၊ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကယားပြည်နယ် ဥပဒေချုပ်၊ ကယားပြည်နယ်စာရင်းစစ်ချုပ်နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ တက်ရောက်ကြည့်ရှု့အားပေးကာ ဆုများချီးမြှႇင့်ခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသမီး ဗိုလ်လုပွဲစဉ် အဖြစ် ပညာရေးအသင်းနှင့် ကယားပြည်နယ် ရဲတပ်ဖွဲ့ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကယားပြည်နယ်ရဲတပ်ဖွဲ့အသင်းမှ ပညာရေးအသင်းကို (၃)ပွဲ (၂)ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးအသင်းနှင့် ကယားပြည်နယ် ရဲတပ်ဖွဲ့ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပညာရေးအသင်း မှ ကယား ပြည်နယ် ရဲတပ်ဖွဲ့အသင်းကို (၃)ပွဲ (၁)ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆု ရရှိသော ကျန်းမာရေးအသင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမႉး ဦးခင်မောင်ဝင်း က လည်းကောင်း၊အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော စိုက်မွေး/ဆည်မြောင်း အသင်းကို ကယားပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆု ရရှိသော စည်ပင်သာယာရေးအသင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က လည်းကောင်း၊အမျိုးသားပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော အထွေထွေအုပ်ချုပ်ရေးအသင်း ကို ကယားပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ တွင် ဒုတိယ ရရှိသော ပညာရေးအသင်းအား တစ်ဦးချင်းဆုဆွဲပြားများကို ကယားပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘ႑ဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမော်မော်ကလည်းကောင်း၊ ဆုဖလားနှင့်ငွေသားဆုကို ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က လည်းကောင်း၊အမျိုးသားပြိုင်ပွဲတွင် ဒုတိယရရှိသော ပြည်နယ်ရဲတပ်ဖွဲ့အသင်းအား တစ်ဦးချင်းဆုဆွဲပြားများကို ကယားပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘောစကို က လည်းကောင်း၊ဆုဖလားနှင့် ငွေသားဆုကို ကယားပြည်နယ်လှှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့် က လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော ပြည်နယ်ရဲတပ်ဖွဲ့အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုဖလားတို့ကို ကယားပြည်နယ် လှှတ်တော်ဥက်ကဌ ဦးလှထွေး ကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော ပညာရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမ ဆုဖလားတို့ကို ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအယ်လယ်ဖောင်းရှို ကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော အားကစားအဖွဲ့များနှင့် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ အမျိုးသားအသင်း(၁၀)သင်းနှင့်အမျိုးသမီးအသင်း(၄)သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကာလမှာ (၅-၁၁-၂၀၁၈) ရက်နေ့မှ (၁၂-၁၁-၂၀၁၈)ထိကျင်းပခဲ့ပါသည်။