spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား တွေ့ဆုံအမှာစကားပြောကြားခြင်း

(၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား တွေ့ဆုံအမှာစကားပြောကြားခြင်း

 
ရန်ကုန်၊ စက်တင်ဘာလ(၁၂)ရက်။
 
၂၀၁၇ခုနှစ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 9th ASEAN PARA Games ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြုမြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားအသင်း အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)၊ ကာကွယ်ရေး၀န်ကြီးဌာန ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး (ညွှန်ကြားရေးမှူး) ဗိုလ်ချုပ်စိုး၀င်းနှင့် အုပ်ချုပ်ကွပ်ကဲမှုအဖွဲ့၀င်များ၊ (၇)ယောက်တစ်ဖက် ဘောလုံးအသင်း၊ ပြေးခုန်ပစ်အသင်း၊ ရေကူးအသင်း၊ စားပွဲတင်တင်းနစ်အသင်း၊ ထိုက်လျက်ဘော်လီဘောအသင်း၊ဘီးတပ်ဘတ်စကတ်ဘောအသင်း၊ မြားပစ်အသင်း၊ အလေးမအသင်း၊ ဂိုလ်းဘောအသင်း၊ စစ်တုရင်အသင်း၊ ဘိုစီယာအသင်းနှင့် ဘိုးလင်း အသင်းများမှ အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားစုစုပေါင်း(၁၈၆)ဦးတို့အား ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တွေ့ဆုံအမှာစကားပြောကြားခြင်းနှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကာကွယ်ရေး၀န်ကြီးဌာန ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး(ညွှန်ကြားရေးမှူး) ဗိုလ်ချုပ်စိုး၀င်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%99%E1%80%9E%E1%80%94%E1%80%BA%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8