spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၈ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

 
နေပြည်တော် နိုဝင်ဘာ (၁၂)။
 
၂၀၁၈ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၀၃:၀၀)နာရီက ပေါင်းလောင်းအားကစားကွင်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌကိုယ်စား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း တက်ရောက်အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် ကောင်စီဝင်မှအသင်းများအား လိုက်လံနှုတ်ဆက်သည်။ အခမ်းအနားသို့ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ (၈)မြို့နယ်မှ ဘောလုံးအသင်းများ၊ ဝါသနာရှင်ပြည်သူများတက်ရောက်ကြသည်။ ဖွင့်ပွဲအပြီး ပြိုင်ပွဲကိုကျင်းပရာ ဇမ္ဗူသီရိမြို့နယ်အသင်းနှင့်ဇေယျာသီရိမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြပြီး ဇေယျာသီရိမြို့နယ်အသင်းမှ (၃)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲကိုနိုဝင်ဘာ(၂၉)ရက်ထိကျင်းပသွားမည်ဖြစ်သည်။
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8