spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံ ငွေဖြင့် တည်ဆောက်မည့် Open Tender ဖွင့်လှစ်ခြင်းအခမ်းအနား

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံ ငွေဖြင့် တည်ဆောက်မည့် Open Tender ဖွင့်လှစ်ခြင်းအခမ်းအနား

ရှမ်းပြည်နယ်၊ နိုဝင်ဘာ (၉)ရက်။

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည့် Open Tender ဖွင့်လှစ်ခြင်းအခမ်းအနားကို နိုဝင် ဘာ ၉ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့သစ်တောရပ်ကွက်၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်းရှိ လေ့ကျင့်ရေးသုံးထပ်ဆောင်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ပြည်နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များတို့မှ ဦးဆောင်၍၂၀၁၈-၂၀၁၉ ဘ႑ဏ္ဍာရေးနှစ်၊ ပြည်နယ် ဘတ်ဂျက်ခွင့်ပြုငွေ ဖြင့်တည်ဆောက်မည့် Open Tender တည်ဆောက်ခြင်း လုပ်ငန်း( ၆ )ခုအ တွက်တင်ဒါလျှောက်ထားသူကုမ္ပဏီ လုပ်ငန်း ရှင် ၃၃ ဦးနှင့် Loeal Tender တည်ဆောက်ရေးလုပ်ငန်း ၅၇ ခုအ တွက် လျှောက်ထားသူကုမ္ပဏီလုပ်ငန်း ၆၈ ဦးတို့တက်ရောက်ကြပြီး တာဝန်ရှိသူတို့က ကုမ္ပဏီတာဝန်ခံများရှေ့တွင် တည်ဆောက်ရေးလုပ်ငန်းတင်ဒါများကို ပွင့်လင်းမြင်သာစွာဖွင့်ဖောက်စစ်ဆေး ခြင်းများဆောင်ရွက်ကြသည်။ အဆိုပါ တင်ဒါဖွင့်လှစ်ပေးခြင်း ကို (၂) ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88-%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%98%E1%80%8F%E1%80%B9%E1%80%8D%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8F-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%98%E1%80%90%E1%80%BA%E1%80%82%E1%80%BB%E1%80%80%E1%80%BA-%E1%80%81%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%AF%E1%80%9B%E1%80%94%E1%80%BA%E1%80%95%E1%80%AF%E1%80%B6