နေပြည်တော်၊ နိုဝင်ဘာလ(၁၃)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသော၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီအချိန် တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများ၌ ကျင်းပပြုလုပ်ရာ အမျိုးသားဆီးမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ကယားပြည်နယ်အသင်းနှင့် ပဲခူူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ကယားပြည်နယ်အသင်း အသင်းမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း တို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပြီး အမျိုးသမီးဆီးမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကြရာ ရခိုင်ပြည်နယ်အသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။

(၁၄.၁၁.၂ဝ၁၈)ရက်နေ့တွင် ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ အမျိုးသမီး ဗိုလ်လုပွဲစဉ်အဖြစ် နံနက်(၈)နာရီအချိန်၌ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းသည်လည်းကောင်း၊ နေ့လည်(၁၂)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့သည် အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲ အပြီးတွင် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။