spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၇ခုနှစ် န၀မအကြိမ်မြောက် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၁၇ခုနှစ် န၀မအကြိမ်မြောက် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ(၁၃)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက် မပြတ် ထွက်ပေါ်လာစေရန်အတွက် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၁၇ခုနှစ် န၀မအကြိမ်မြောက် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ  အမျိုးသားပွဲစဉ်အဖြစ် ကာကွယ်ရေး၀န်ကြီးဌာန အသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာန အသင်းမှ (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန အသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာန အသင်းမှ (၃)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
ဆက်လက်၍ အမျိုးသမီးပွဲစဉ်အဖြစ် ဆောက်လုပ်ရေး၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆောက်လုုပ်ရေး၀န်ကြီးဌာန အသင်းမှ (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ (၃)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
အဆိုပါ ၂၀၁၇ခုနှစ်၊ န၀မအကြိမ်မြောက် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသားပွဲစဉ်များအဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် အလုပ်သမား၊လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနအသင်း၊ ပညာရေး၀န်ကြီးဌာန အသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာနအသင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ဆောက်လုပ်ရေး၀န်ကြီီးဌာနအသင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနအသင်းတို့သည် (၁၄.၉.၂၀၁၇)ရက်နေ့ နံနက်(၈) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B) ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး စိတ်ပါ၀င်စားသူ မိဘပြည်သုူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%87%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%81%80%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2