ရန်ကုန်၊ နို၀င်ဘာလ( ၁၅ )ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ်လက်ခံကျင်းပသည့် IBSF WORLD BILLIARDS & SNOOKER CHAMPIONSHIP-2018 ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲ(၂၀၁၈) ပြိုင်ပွဲအား နို၀င်ဘာလ(၁၂)ရက်နေ့မှ (၂၇)ရက်နေ့ အထိ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ Grand Mercure Hotel ၌ ကျင်းပခဲ့ရာ BILLIARDS 150 Up ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပရာ အကြိုဗိုလ်လုပွဲစဉ်တွင် Mike Russell (အင်္ဂလန်)နှင့် Nay Thway Oo တို့ ယှဉ်ပြိုင်ပြီး Nay Thway Oo က (၅ပွဲ၊ ၂ပွဲ)ဖြင့်လည်းကောင်း၊ Pankaj Advani (အိန္ဒိယ)နှင့် David Causier(အင်္ဂလန်) တို့ယှဉ်ပြိုင်ရာ ၊ Pankaj Advani (အိန္ဒိယ)က (၅ပွဲ၊ ၀ ပွဲ) ဖြင့်လည်းကောင်း၊ အနိုင်ရရှိကြပြီး ဆက်လက်၍ဗိုလ်လုပွဲစဉ်ကျင်းပရာ Nay Thway Oo (မြန်မာ)နှင့် Pankaj Advani (အိန္ဒိယ)တို့ယှဉ်ပြိုင်ခဲ့ပြီး Pankaj Advani (အိန္ဒိယ)က (၆ပွဲ၊ ၂ ပွဲ) ဖြင့်ပထမ၊ Nay Thway Oo (မြန်မာ)က ဒုတိယ၊ Mike Russell (အင်္ဂလန်)နှင့် David Causier (အင်္ဂလန်)တို့ ပူးတွဲတတိယ ရရှိခဲ့ပါသည်။

အဆိုပါ IBSF WORLD BILLIARDS CHAMPIONSHIPS LONG POINT ပြိုင်ပွဲများ၌ မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမား(၉)ဦးဖြစ်သော အောင်ဆန်းဦး၊ နေသွေးဦး၊ မင်းစည်သူထွန်း၊ ချစ်ကိုကို၊ ပေါက်စ၊ ခင်မောင်ဦး၊ အောင်ဌေး၊ စန်းမြင့်၊ ဇော်သန်းထိုက် တို့ ၀င်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဗိုလ်လုပွဲစဉ်များကို နို၀င်ဘာလ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။