spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားအား ကယားပြည်နယ်အသင်းမှဆွတ်ခူးရရှိပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားအားရခိုင်ပြည်နယ်အသင်းမှ ဆွတ်ခူးရရှိ

၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားအား ကယားပြည်နယ်အသင်းမှဆွတ်ခူးရရှိပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားအားရခိုင်ပြည်နယ်အသင်းမှ ဆွတ်ခူးရရှိ

 
 
နေပြည်တော် ၊ နို၀င်ဘာလ (၁၄) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ နေ့လယ်(၁)နာရီခွဲအချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း-၃၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ် ဥက္ကဌဦးသန်း၀င်းနှင့်တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ခရစ်ကတ်၀ါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။
 
  
 
ဆက်လက်၍ အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် နံနက်(၈)နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းမှလည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နေ့လယ်(၁)နာရီခွဲအချိန်တွင် ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှလည်းကောင်းအသီးသီးအနိုင်ရရှိသွားပါသည်။
 
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အမျိုးသားအကောင်းဆုံး အရိုက်ဆုရရှိသွားသော ပြည့်ဖြိုးဝေ(ရန်ကုန်)၊ အကောင်းဆုံးအပစ်ဆုရရှိသွားသော ကောင်းထက်ကျော်(ရန်ကုန်)နှင့် အကောင်းဆုံးအားကစားသမားဆုရရှိသွားသော ချစ်မင်းခန့်(ပဲခူး)တို့အား မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကြည်မင်းမှလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံးအရိုက်ဆုနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသွားသော မေပိုးပိုးစံ(မန္တလေး)၊ အကောင်းဆုံးအပစ်ဆုရရှိသွားသော သဲသဲမိုး(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုနှင့် ပူးတွဲတတိယဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော ကယားပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုနှင့်ပူးတွဲတတိယဆုရရှိသွားသော မကွေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့အား ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်း၀င်းမှလည်းကောင်း၊  အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ရခိုင်ပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%80%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8