နေပြည်တော်၊ နိုဝင်ဘာ (၁၅) ရက်။
၂၀၁၈ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်စတုတ္ထနေ့အဖြစ် ယနေ့ညနေ.(၀၃:၃၀)နာရီကပေါင်းလောင်းကွင်းတွင်ဆက်လက်ကျင်းပရာအုပ်စု(ခ)မှဥတ္တရသီရိမြို့နယ်အသင်းနှင့်တပ်ကုန်းမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်ကောင်စီ၀င်ဦးတင်ထွန်းနှင့်ဌာနဆိုင်ရာများ၊ ဝါသနာရှင်ပြည်သူများကြည့်ရှုအားပေးသည်။ ပြိုင်ပွဲအပြီးတွင် ဥတ္တရသီရိမြို့နယ်အသင်းက(၅)ဂိုး(၁)ဂိုးဖြင့်အနိုင်ရသွားကြောင်း သတင်းရရှိပါသည်။