spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၇-ခုနှစ်၊ (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု မသန်စွမ်းအားကစားအသင်းများ ပထမအသုတ်အဖြစ် မလေးရှားနိုင်ငံသို့ထွက်ခွာ

၂၀၁၇-ခုနှစ်၊ (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု မသန်စွမ်းအားကစားအသင်းများ ပထမအသုတ်အဖြစ် မလေးရှားနိုင်ငံသို့ထွက်ခွာ

 
ရန်ကုန်၊ စက်တင်ဘာလ(၁၃)ရက်။
 
၂၀၁၇-ခုနှစ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့်(9th ASEAN PARA Games-2017) (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် မသန်စွမ်းသူများ အားကစားအသင်းအဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကာကွယ်ရေး၀န်ကြီးဌာန၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး(ညွှန်ကြားရေးမှူး) ဗိုလ်ချုပ်စိုး၀င်း၊ အုပ်ချုပ်ကွပ်ကဲမှုအဖွဲ့၊ (၇)ယောက်တစ်ဖက် ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘီးတပ် ဘတ်စကတ်ဘော၊ မြားပစ်၊ အလေးမ၊ ဂိုလ်ဘော၊ စစ်တုရင်၊ ဘိုစီယာနှင့် ဘိုးလင်း အားကစား အသင်းများမှ အားကစားသမားစုစုပေါင်း(၉၃)ဦးတို့သည် ယနေ့နံနက်(၁၁း၂၀)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ MH-741 လေကြောင်းခရီးစဉ်ဖြင့် မလေးရှားနိုင်ငံ သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာ၀န်ရှိသူများ၊ မြန်မာ နိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%99%E1%80%9E%E1%80%94%E1%80%BA%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7