ကယားပြည်နယ်၊ နို၀င်ဘာလ (၁၇) ရက်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများ ပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ယနေ့နံနက်(၅:၃၀) အချိန်တွင် နန်းမယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှစတင်၍ နန်းမယ်ခုံ အထကကျောင်းထိ လူထုစုပေါင်းလမ်းလျောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျောက်ပွဲသို့ နန်းမယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူး တိုက်နယ်ဆေးရုံအုပ်ကြီး နန်းမယ်ခုံအထကကျောင်းအုပ်ကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ ပါဝင်ဆင်နွဲ လမ်းလျှောက်ခဲ့ကြပါသည်။ ထို့နောက် နန်းမယ်ခုံအ.ထ.က ကျောင်း တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ အမှတ်(၁)နှင့်(၂)၊ တို့ကို တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပါဝင်ဆင်နွဲခဲ့ကြပါသည်။