spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ခဲမဖြူကျေးရွာတွင် လူထုအားကစားလှုပ်ရှားမှုအနေဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ခဲမဖြူကျေးရွာတွင် လူထုအားကစားလှုပ်ရှားမှုအနေဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 
 
 
ဖားဆောင်း၊ နိုဝင်ဘာ (၁၇)။
 
လူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အရည်အချင်းပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရန် နိုင်ငံတော် အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးဦးတည်ချက်အား ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်များဖြင့် ဖားဆောင်းမြို့နယ်တွင် လူထုလှုပ်ရှားအားကစားမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅:၃၀)နာရီအချိန်တွင် ခဲမဖြူကျေးရွာလမ်းပြကြယ်ဖြူဘော်ဒါဆောင်ရှေ့တွင်စုရပ်ထား၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်အားကစားမှူး ဦးကျော်ဇင်ထက်၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား\သူများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။ စုပေါင်းလူထုလမ်းလျှောက်ပွဲအား ခဲမဖြူကျေးရွာ လမ်းပြကြယ်ဖြူ ဘောင်ဒါဆောင်ရှေ့မှကွန်ကရစ်လမ်း ဖားဆောင်း-မော်ချီးကတ္တရာလမ်းအတိုင်းလျှောက်ကာ ခဲမဖြူ(အမက)ကျောင်း ကွန်ကရစ်လမ်း သို့ဝင်ပြီး ထိုကျောင်းရှေ့ကွင်းပြင်တွင် လူထုအားကစားလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%B2%E1%80%99%E1%80%96%E1%80%BC%E1%80%B0%E1%80%80%E1%80%BB%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%94%E1%80%B1%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95