spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တရုတ်-အာဆီယံအပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင် မြန်မာအသင်း အာဆီယံအဆင့်၌ ရွှေ(၂)ခု၊ ငွေ(၂)ခု ၊ အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင် ငွေ(၁)ခု အောင်မြင်မှုရရှိ

တရုတ်-အာဆီယံအပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင် မြန်မာအသင်း အာဆီယံအဆင့်၌ ရွှေ(၂)ခု၊ ငွေ(၂)ခု ၊ အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင် ငွေ(၁)ခု အောင်မြင်မှုရရှိ

 

  

 
ရန်ကုန်၊ နို၀င်ဘာလ(  ၁၇   )ရက်။
 
၂၀၁၈ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖန်ချင်းကန်မြို့တွင် နို၀င်ဘာလ(၁၇)ရက်နေ့၊ နံနက်(၇)နာရီခွဲကကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ခုနှစ်၊ တရုတ်-အာဆီယံအပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင်အမျိုးသမီး(၂၁)ကီလိုမီတာ မီနီမာရသွန်ပြိုင်ပွဲ၌ ကင်ညာနိုင်ငံမှ စံချိန်(၇၉:၂၀)ဖြင့် ပထမ၊ မြန်မာနိုင်ငံမှ ဖြူ၀ါသက် က (၈၀:၄၈)ဖြင့် ဒုတိယ၊ လာအိုနိုင်ငံမှ (၈၅:၅၃)ဖြင့် တတိယဖြင့်လည်းကောင်း၊ အမျိုးသမီး(၄၂)ကီလိုမီတာ မာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံမှ စံချိန်(၂:၄၄.၂၅)ဖြင့် ပထမနှင့်(၂:၅၀.၀၀)ဖြင့် ဒုတိယ၊ တရုတ်နိုင်ငံမှ (၂:၅၈.၀၀)ဖြင့်တတိယ၊ မြန်မာနိုင်ငံမှ မြင့်မြင့်အေး က (၃:၁၆.၀၅)ဖြင့်စတုတ္ထ၊ တရုတ်နိုင်ငံမှ (၃:၂၂.၂၈)ဖြင့် ပဉ္စမ၊ မြန်မာမှ သီတာချို က (၃:၂၆.၃၀)ဖြင့် ဆဌမဖြင့်လည်းကောင်း၊ အမျိုးသား(၄၂)ကီလိုမီတာမာရသွန်ပြိုင်ပွဲတွင် မြန်မာမှ ဇင်မင်းထက် က အဆင့်(၈)ဖြင့်ရပ်တည်ခဲ့ပြီး အာဆီယံအဆင့် အမျိုးသမီး (၂၁)ကီလိုမီတာ မီနီမာရသွန်ပြိုင်ပွဲတွင် မြန်မာမှ ဖြူ၀ါသက်က စံချိန်(၈၁:၂၂)ဖြင့် ပထမ၊ လာအိုနိုင်ငံမှ (၈၂:၅၀)ဖြင့် ဒုတိယ၊ ကမ္ဘောဒီးယားနိုင်ငံမှ (၈၅:၁၅)ဖြင့် တတိယဆုကိုလည်းကောင်း၊   အာဆီယံအဆင့် အမျိုးသမီး(၄၂)ကီလိုမီတာမာရသွန်ပြိုင်ပွဲတွင် မြန်မာမှ မြင့်မြင့်အေးကစံချိန် (၃:၁၆.၀၅)ဖြင့်ပထမနှင့် မြန်မာမှ သီတာချိုက (၃:၂၆.၃၀)ဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံမှ (၂:၂၈.၃၁)ဖြင့် တတိယဖြင့်လည်းကောင်း၊  အာဆီယံအဆင့် အမျိုးသား(၄၂)ကီလိုမီတာ မာရသွန်ပြိုင်ပွဲတွင် ဗီယက်နမ်က စံချိန်(၂:၄၆.၄၁)ဖြင့် ပထမ၊ မြန်မာမှ ဇင်မင်းထက် က(၂:၅၀.၅၂) ဖြင့် ဒုတိယနှင့်ထိုင်းနိုင်ငံမှ (၂:၅၃.၁၆)ဖြင့် တတိယတို့က အသီးသီးရရှိသွားကြပြီး မြန်မာအသင်းက ရွှေ(၂)ခု၊ ငွေ(၃)ခုဖြင့် အာဆီယံနိုင်ငံအလိုက် အဆင့်သတ်မှတ်ရာတွင် မြန်မာက အဆင့်(၁)၊  လာအိုနိုင်ငံကအဆင့်(၂)၊  ဗီယက်နမ်နိုင်ငံက အဆင့်(၃)၊ ကမ္ဘောဒီယားနိုင်ငံက အဆင့်(၄)နှင့်၊  ထိုင်းနိုင်ငံကအဆင့်(၅) တို့ရရှိသွားခဲ့သည်။
 
 
အဆိုပါပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ ပိုလန်၊ ကင်ညာ၊ အီသီယိုးပီးယား ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ပါ၀င်ကြပြီး စုစုပေါင်းအင်အား (၁)သောင်းခြောက်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%81%8C-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%82%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%81%82%E1%80%81%E1%80%AF-%E1%81%8A