spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု)ပြိုင်ပွဲ ပထမနေ့စတင်ကျင်းပ မြန်မာအားကစားသမားများငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၁)ခုစတင်ရရှိ

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု)ပြိုင်ပွဲ ပထမနေ့စတင်ကျင်းပ မြန်မာအားကစားသမားများငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၁)ခုစတင်ရရှိ

 
 
ရန်ကုန်၊ နို၀င်ဘာလ(  ၁၇   )ရက်။
 
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကမ္ဘာ့ဝူရှူးအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု) အားကစားပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီမှစတင်၍ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။
 
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကမ္ဘာ့ဝူရူးအားကစားအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဋ္ဌ Anthony Goh ၊ ကမ္ဘာ့ဝူရှူးအားကစားအဖွဲ့ချုပ် အဖွဲ့၀င် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။
 
 
 
 
ပြိုင်ပွဲအစီအစဉ်အရ အမျိုးသား Chang Quan ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားကြရာ တရုတ်နိုင်ငံမှ Zhi Zhao  Chang က ပထမ၊ မကာအိုနိုင်ငံမှ Cli  Kuon Song က ဒုတိယ၊ စင်ကာပူနိုင်ငံမှ Yi Xiang Yong က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး Chang quan ပြိုင်ပွဲတွင်  တရုတ်နိုင်ငံမှ Xue WANG က ပထမ၊  ယူကရိန်နိုင်ငံမှ  Ganna  TERESHCHENKO က  ဒုတိယ၊ မကာအိုနိုင်ငံမှ Cho Man sou က တတိယဆုကို လည်းကောင်း၊  အမျိုးသား Nan quan ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ  Jianming Li  က ပထမ  ဗီယက်နမ် မှ Quoc  Khain Pilam က ဒုတိယ ၊ မကာအိုနိုင်ငံ မှ Wai Keong က တတိယဆု ကိုလည်းကောင်း၊  အမျိုးသမီး Nan quan ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ Hui Ying Chen က ပထမ၊ မလေးရှားနိုင်ငံမှ Cheong Min Thn က ဒုတိယ၊ အမေရိကန်နိုင်ငံမှ Lucy Ruxi  Lee က တတိယဆုကိုလည်းကောင်း၊ အမျိုးသား ွှTai Ji quan ပြိုင်ပွဲတွင် တရုတ်နိင်ငံမှ Shun  Hong  Yang က ပထမ၊  ဟောင်ကောင်နိုင်ငံ မှ Tak  Yan Samuei Hui က ဒုတိယ၊ မြန်မာနိုင်ငံမှ ငြိမ်းချမ်းကိုကို က တတိယဆုကို လည်းကောင်း၊ အမျိုးသမီး Tai Ji quan ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံမှ Sui Jin  Chen က  ပထမ၊  ဂျပန်နိုင်ငံမှ Shi Lo Saito က ဒုတိယ၊ စင်ကာပူနိုင်ငံမှ  YAN  NING  VERA  TAN  က တတိယဆုကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားသည်။ မနက်ပိုင်းပြိုင်ပွဲအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား Chang Quar ပြိုင်ပွဲတွင် ဆုရရှိသောသူများကို ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဋ္ဌ Anthony Goh နှင့် ကမ္ဘာ့ဝူရှူးအားကစားအဖွဲ့ချုပ် အဖွဲ့၀င် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ တို့မှလည်းကောင်း၊ အမျိုးသမီး Chang Quan ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား  ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ်အဖွဲ့၀င်  Mr. Ang  Mong Seng နှင့် ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး တို့မှလည်းကောင်း၊ အမျိုးသား Nan quan ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုး၀င်း ကလည်းကောင်း၊ အမျိုးသမီး Nan quan ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှလည်းကောင်း၊ အမျိုးသား Tai Ji quan ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား  ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဋ္ဌ Anthony Goh နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တို့ကလည်းကောင်း၊ အမျိုးသမီးTai Ji quan  ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား   အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးသီဟဇော် တို့မှလည်းကောင်း ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို အသီးသီးချီးမြှင့်ခဲ့ကြပါသည်။
 
 
 
နေ့လယ်ပိုင်းပွဲစဉ်များအဖြစ် အမျိုးသား Daoshu ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ပထမ၊  တိုင်ပေနိုင်ငံမှ ဒုတိယ၊ ရုရှားနိုင်ငံမှ တတိယ၊ အမျိုးသမီး Daoshu ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံမှ ပထမ၊  ရုရှားနိုင်ငံမှ ဒုတိယ၊ အမေရိကန်နိုင်ငံမှ တတိယ၊ အမျိုးသား Jianshu  ပြိုင်ပွဲတွင် မလေးရှားနိုင်ငံမှ ပထမ၊  ဂျပန်နိုင်ငံမှ ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံမှ တတိယ၊ အမျိုးသမီး Jianshu ပြိုင်ပွဲတွင် မလေးရှားနိုင်ငံမှ ပထမ၊  မကာအိုနိုင်ငံမှ ဒုတိယ၊ စပိန်နိုင်ငံမှ တတိယ၊ အမျိုးသား Nandao ပြိုင်ပွဲတွင် မကာအိုနိုင်ငံမှ ပထမ၊  တိုင်ပေနိုင်ငံမှ ဒုတိယ၊ ဟောင်ကောင်နိုင်ငံမှ တတိယ၊ အမျိုးသမီး Nandao ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံမှ ပထမ၊  မြန်မာနိုင်ငံမှ  အေးသစ္စာမြင့်က ဒုတိယ၊ မလေးရှားနိုင်ငံမှ တတိယ အသီးသီးရရှိသွားပါသည်။
 
ပြိုင်ပွဲများအပြီး ဆုများကိုချီးမြှင့်ရာ အမျိုးသား Daoshu ပြိုင်ပွဲတွင်ဆုရရှိကြသော အားကစားသမားများအား ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အဖွဲ့၀င် Mr. Ang  Mong Seng နှင့် ကမ္ဘာ့ဝူရှူးအားကစား အဖွဲ့ချုပ်အဖွဲ့၀င် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ တို့မှလည်းကောင်း၊ အမျိုးသမီး Daoshu ပြိုင်ပွဲတွင် ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ်အဖွဲ့၀င် Mrs. Daria  Tarasova နှင့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာတို့မှ လည်းကောင်း၊ အမျိုးသား Jianshu  ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးဦးသီဟဇော် တို့မှလည်းကောင်း၊ အမျိုးသမီး Jianshu ပြိုင်ပွဲတွင် ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး တို့ကလည်းကောင်း၊ အမျိုးသား Nandao ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ကမ္ဘာ့ဝူရှူးအားကစားအဖွဲ့ချုပ် အဖွဲ့၀င်မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ တို့မှလည်းကောင်း၊ အမျိုးသမီး Nandao ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ် အမြဲတမ်းဒုတိယဥက္ကဋ္ဌ Anthony Goh  တို့မှ ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။
 
ယနေ့ပြိုင်ပွဲကို နိုင်ငံပေါင်း(၂၁)နိုင်ငံမှ  အားကစားသမားပေါင်း(၈၄)ဦးနှင့် ပြိုင်ပွဲအမျိုးအစား(၂၂)မျိုးကို ကျင်းပလျက်ရှိပြီး ယနေ့ပြိုင်ပွဲအပြီး မြန်မာနိုင်ငံမှ ငွေ(၁)ခု၊ ကြေး(၁)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရှိရပါသည်။ ယခု၀င်ရောက်ယှဉ်ပြိုင်ကြသော အားကစားသမားများမှ ကမ္ဘာ့အဆင့်(၁)မှ အဆင့်(၈)အတွင်းရှိသော အားကစားသမားများသာ ပါ၀င်ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲကို နို၀င်ဘာလ(၁၈)ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အားကစားကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%91%E1%80%99%E1%80%94%E1%80%B1%E1%80%B7%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95