spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာအုပ်စုတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

၂၀၁၈ခုနှစ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာအုပ်စုတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 
 
လွိုင်ကော် နိုဝင်ဘာ (၁၈)။   
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများ ပြိုင်တူဖွံ့ဖြိုးတိုးတက်စရေန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၅:၃၀)အချိန်တွင် လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာအုပ်စုတွင် ဆောင်ကန်းကျေးရွာစုရပ်မှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို၊ လွိုင်ကော်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုနေ ပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများပါဝင်ဆင်နွဲ လမ်းလျောက်ခဲ့ကြသည်။ 
 
 
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ သေနတ်ပစ်ဖောက်၍ စတင်လမ်းလျှာက်ခဲ့ရာ ဆောင်ကန်းကျေးရွာစုရပ်မှ အ.ထ.က(ခွဲ) ဝါရီကောခူကျောင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။
 
 
ထို့နောက် အ.ထ.က(ခွဲ)ဝါရီကောခူကျောင်းဝင်းရှိ ဘောလုံးကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲအမှတ်(၁)နှင့်(၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် ဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8A-%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE%E1%80%80%E1%80%B1%E1%80%AC%E1%80%81%E1%80%B0%E1%80%80%E1%80%BB%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%90%E1%80%BD%E1%80%84%E1%80%BA