ရန်ကုန်၊ နိုဝင်ဘာလ( ၁၈ )ရက်။
IBSF World Billiards & Snooker Championships -2018 ပြိုင်ပွဲ နိုဝင်ဘာလ (၁၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ မြန်မာနို်င်ငံ ရန်ကုန်မြို့၌ ပထမဦးဆုံး အကြိမ်လက်ခံကျင်းပရာ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးဖြစ်သည့်အတွက် British ၊ Czech၊ Germany ၊ Romania ၊ Australia ၊ Ireland ၊ New Zealand ၊ Poland ၊ India ၊ South Africa၊ Belgium ၊ Sweden ၊ Austria နှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၃၆)နိုင်ငံမှ အားကစားသမား (၁၉၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြရာ ၄င်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ဘိလိယက်အားကစား သမားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်း၌ 150up ပြိုင်ပွဲနှင့် Loung Point ပြိုင်ပွဲ ၊ စနူကာပြိုင်ပွဲတွင် မာစကာတန်းပြိုင်ပွဲ Men ပြိုင်ပွဲနှင့် Ladies ပြိုင်ပွဲများပါဝင် မှာဖြစ်သည်။
၄င်း 150up ဘိလိယက်ပြိုင်ပွဲတွင် မြန်မာ ဘိလိယက် အားကစားသမား(၈)ဦးအပါအဝင် ပွဲစဉ်ပေါင်း (၉၁)ပွဲ ကျင်းပကာ ပြိုင်ပွဲဝင်အားကစားသမား (၃၇)ဦးဖြစ်ပြီး ကွာတာဖိုင်နယ် အဆင့်သို့ (၂)ဦးတက်ရောက်နိုင်ခဲ့ပြီး ၄င်း(၂)ဦးထဲမှ နေသွေးဦး(မြန်မာ) ကကွာတားဖိုင်နယ်အဆင့်တွင် ချစ်ကိုကို ကိုရှုံးနိမ့်ပြီး နေသွေးဦး(မြန်မာ) ကမ္ဘာ့အဆင့်ဖိုင်နယ်ဗိုလ်လုပြိုင်ပွဲသို့ ပထမဦးဆုံး တက်ရောက် ၍ ပထမဦးဆုံးယှဉ်ပြိုင်ခွင့်ရရှိသော အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
150up ဗိုလ်လုပြိုင်ပွဲတွင် Pankaj Advani (အိန္ဒိယ) က နေသွေးဦး (မြန်မာ) ကို (၆)ပွဲ၊ (၂)ပွဲဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ချန်ပီယံ Pankaj Advani (အိန္ဒိယ) ကပထမ၊ ‘ဒုတိယ နေသွေးဦး (မြန်မာ) နှင့် တတိယကို David Causier (အဂင်္လန်)တို့က အသီးသီးအနိုင်ရရှိကြသည်။
ကမ္ဘာ့ 150up ဘိလိယက်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများချီးမြှင့်ရာ တတိယဆုရ David Causier (အဂင်္လန်) အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် မှလည်းကောင်း၊ ဒုတိယဆုရ နေသွေးဦး(မြန်မာ) အား IBSF ကမ္ဘာ့ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဒုတိယဥက္ကဌ Mr. Jim Leacy မှလည်းကောင်း၊ ကမ္ဘာ့အဆင့် ချန်ပီယံပထမဆု အား Pankaj Advani (အိန္ဒိယ) အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မှလည်းကောင်းဆုများ အသီးသီးချီးမြှင့်ပေးပြီးနောက် ပထမချန်ပီယံဆုရ Pankaj Advani (အိန္ဒိယ) အား အောင်ပွဲခံ စန်းမြင့် ၌ အိန္ဒိယ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပါသည်။
ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒေါက်တာမြင့်ထွေး မှ ကမ္ဘာ့အဆင့် ဘိလိယက်ပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဒုတိယငွေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော် မှ ဂုဏ်ပြုဆုငွေကျပ် သိန်း(၅ဝ)နှင့် အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ မင်းနိုင် မှ ဂုဏ်ပြုဆုငွေကျပ်သိန်း (၅ဝ)တို့အား ဂုဏ်ပြုဆုချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ချုပ် ဥက္ကဌ တို့မှ ဂုဏ်ပြုဆုငွေ များ ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာ -ယခုကဲ့သို့ နိုင်ငံပေါင်း (၃၆)နိုင်ငံမှ အားကစားသမား (၁၉၇)ဦး ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာ့အဆင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊
-ယခုပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ အားကစားသမား က ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ခြင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊
-ဝန်ကြီးဌာနအနေဖြင့် ''ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး'' ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခြင်းသည် ကျန်းမာရေးတိုးတက်ကောင်းမွန်စေသည် ဖြစ် သဖြင့် အထူးအားပေးလုပ်ဆောင်လျက်ရှိကြောင်း၊
- အားကစားကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း ဘက်စုံကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိပ္ပံနည်းကျ သင်ကြားလေ့ကျင့်မှုစနစ်ကိုလည်း ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊
- နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအားလုံး မြန်မာနိုင်ငံတွင် ရောက်ရှိစဉ်ကာလအတွင်း အမှတ်ရဖွယ်ကောင်းသော ၊ ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို ပိုင်ဆိုင်နိုင်ပါရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး IBSF ကမ္ဘာ့ဘိလိယက်အဖွဲ့ချုပ် ဒုတိယဥက္ကဌ Mr. Jim Leacy ပြိုင်ပွဲ ကျင်းပပေးရခြင်း အကြောင်းရှင်းလင်းတင်ပြပြောကြားပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကျင်းပသည့် ပြိုင်ပွဲ ခန်းမနှင့် ကစားခုံများများပြင်ဆင်ထားမှုအား ကြည့်ရှုခဲ့သည်။
ဆုပေးပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာ မြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင် နှင့် တာဝန်ရှိသူများ၊ BSF ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆုရ အားကစားသမားများ တက်ရောက်ကြသည်။