လွိုင်ကော်၊ နိုဝင်ဘာ (၁၈)။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက် အကူဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများ ပြိုင်တူ ဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများကျင်းပခြင်း ၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်(၅:၃၀)အချိန်တွင် လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာအုပ်စု တွင် ဆောင်ကန်းကျေးရွာစုရပ်မှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလေၽှာက်ပွဲသို့ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို၊ လွိုင်ကော်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုနေ ပြည်သူများ ၊ ကျောင်းသူ/ကျောင်းသားများပါဝင်ဆင်နွဲ လမ်းလျောက်ခဲ့ကြသည်။
ရှေးဦးစွာ လူထုစုပေါင်းလမ်းလေၽှာက်ပွဲကို လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ သေနတ်ပစ်ဖောက်၍ စတင်လမ်းလျှောက်ခဲ့ရာ ဆောင်ကန်းကျေးရွာစုရပ်မှ အ.ထ.က(ခွဲ) ဝါရီကောခူ ကျောင်းသို့ စုပေါင်းလမ်းလေၽှာက်ခဲ့ကြပါသည်။
ထို့နောက် အ.ထ.က(ခွဲ)ဝါရီကောခူကျောင်းဝင်းရှိ ဘောလုံးကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲအမှတ်(၁)နှင့်(၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းတို့ကို တစ်ပျော် တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် ဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ပါသည်။