ပဲခူး၊ နိုဝင်ဘာ (၁၇) ရက်။
ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လူထုစုပေါင်းလမ်းလျှောက်ပွဲကို နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း တိုင်းဒေသကြီးအားကစားနှင့်ကာပညာဦးစီးဌာနရုံးရှေ့မှစတင်၍ စုရပ်လုပ်ကာ ကျင်းပပြုလုပ်သည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးလှမျိုးရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌဦးကြည်ဇင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/သူများ၊ အဆင့်မြင့်ပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ စက်ရုံ အလုပ်ရုံလုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၁၅၂၃၅)ဦးကျော်တက်ရောက်ကာ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့်သနပ်ပင်လမ်းများသို့ လမ်းလျှောက်ကြပြီး ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်ယာဉ်ရပ်နားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)(၂)တို့ကိုစုပေါင်းလုပ်ကြသည်။

၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို နှစ်စဉျကျင်းပခဲ့သော ဒီဇင်ဘာလအပတ်စဉ် စနေနေ့များအပြင် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုပိုမိုဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလ၏စနေနေ့များဖြစ်သော(၁၇/၂၄)ရက်နေ့များတွင်လည်းကောင်း၊ ဒီဇင်ဘာလ၏ စနေနေ့များဖြစ်သော (၁/ ၈/ ၁၅/ ၂၂/ ၂၉)ရက်နေ့များတွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်အလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။