မကွေး၊ နိုဝင်ဘာ (၁၇)။
(၂ဝ၁၈)ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၅) မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၅) ရက်က မကွေးခရိုင် အား ကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူ ပြုစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမား များအချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးခွၽန် ထက်မြက်သည့် လူငယ်သွေးသစ် ဘော လုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး သက်တန်း အလိုက် အားကစားပြိုင်ပွဲများကို ကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်များရှိ မျိုး ဆက်သစ် အားကစားသမားများ ပေါ် ထွက်လာစေရန်နှင့် အားကစားအဆင့် အတန်း တိုးတက်မြင့်မားရေးအတွက်(TSDP)အစီအစဉျအဖြစ် မြို့နယ် ပေါင်းစုံ အားကစားပြိုင်ပွဲများကို စီမံ ချက်များရေးဆွဲပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး အတွင်းရှိ (၂၅) မြို့နယ်မှ မြို့နယ် ဘောလုံးအသင်းများ ဝင်ရောက်ယှဉျပြိုင် ခဲ့ကြပြီး မကွေးဇုန်တွင်လေးအုပ်စု၊ တောင်တွင်းကြီးဇုန်တွင် နှစ်အုပ်စု၊ မြို့သစ်ဇုန်တွင် နှစ်အုပ်စု ဇုန်သုံးခုခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ ရှုံးထွက် ပွဲစဉ်များကို နိုဝင်ဘာ (၂၃) ရက်တွင် မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။