ရန်ကုန်၊ နိုဝင်ဘာလ( ၂၃ )ရက်။
၂ဝ၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖွဲ့ချုပ် ကောင်စီအစည်းအဝေး SEA GAMES FEDERATION COUNCIL MEETING ကို နိုဝင်ဘာလ(၂၄)ရက်နေ့၌ ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့နံနက်(၉)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားရာ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ ၊ မြန်မာနို်င်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော် တို့က ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သည့် 29th SEA Games အစီရင်ခံစာအား တင်သွင်းခြင်း၊ အမျိုးသမီးအားကစားကော်မတီ၊ ဆေးဘက်ဆိုင်ရာကော်မတီ၊ ပြိုင်ပွဲ ကျင်းပရေးအားကစားစည်းမျဉ်းဆိုင်ရာ ကော်မတီတို့မှလည်း ကျင်းပပြီးစီးမှုအစီရင်ခံစာများ တင်သွင်းသွားမည်ဖြစ်ပြီး 30th SEA Games ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (PHI SGOC) မှ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား ပြန်လည်ရှင်းလင်းဆွေးနွေး တင်ပြပြီး SEAGF Charter New Format များအား တင်ပြသွားမည်ဖြစ်ကြောင်းနှင့် 30th SEA Games ၌ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်း များနှင့် ပြိုင်ပွဲအမျိုးအစားများကို သတ်မှတ်မည့်အစီအစဉ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။