ရန်ကုန်၊ နိုဝင်ဘာလ( ၂၇ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက ရန်ကုန်မြို့၊ မဂင်္လာတောင် ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်ကွင်းတွင်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးသန်းလွင် နှင့်အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီး အားကစားနှင့်ကာပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင်တို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြ၍ ပြိုင်ပွဲဝင် အားကစားသမားများကွင်းအတွင်း မှပြန်လည်ထွက်ခွာကာ ပထမနေ့ပြိုင်ပွဲများကို စတင်ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ စသဖြင့် ပြိုင်ပွဲအမျိုးအစား(၇)မျိုး၌ ပြိုင်ပွဲဝင်အားကစားသမား(၁ဝ၅)ဦးဖြင့် အမျိုးသား (၁၂)သင်း၊ အမျိုးသမီး(၆)သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲကို နိုဝင်ဘာ(၃ဝ)ရက်အထိ ကျင်းပမည်ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။