spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 
 
ရန်ကုန်၊ နိုဝင်ဘာလ(၂၈ )ရက်။
 
၂ဝ၁၈ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဌဖလား ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည်(၁)နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံ/လေလုံ) အားကစားခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ ပြန်လည်ရွေးချယ်တင်မြောက်ရေးကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဒင် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကြ ဦးစိုးနိုင်နှင့် ဒုတိယဥက္ကဌ များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။
 
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ကြိုတင်နေရာယူထားကြပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် မှ အမှာစကားပြောကြား၍ လည်းကောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) မှ ကျေးဇူးတင်စကားပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
 
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲများကို စတင်ကျင်းပခဲ့သည်။
 
 
 
အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများကို နိုဝင်ဘာလ(၂၈)ရက်နေ့မှ ဒီဇင်ဘာလ(၃) ရက်နေ့အထိ အောင်ဆန်းအားကစားပြိုင်ဝင်း၌ နေ့စဉ်နံနက်(၉)နာရီမှ စတင်ကျင်းပမှာဖြစ်ပြီး  အဆိုပါ ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ ဝန်ကြီးဌာနအသင်းများ၊ အား/ကာသိပ္ပံ  (ရန်ကုန်)အသင်းများ ၊ အား/ကာသိပ္ပံ(မော်လမြိုင်) အသင်းများ၊ ကလပ်အသင်းများ၊  တိုင်းစစ်ဌာနချုပ်အသင်းများနှင့်မြို့နယ်အသင်းများ မှ အသင်းပေါင်း(၈ဝ)သင်း၊ ကစားသမား ပေါင်း (၃၈ဝ)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြရာ  ပြိုင်ပွဲတွင်  အမျိုးသားလူသစ်တန်းပြိုင်ပွဲ၌် အသင်း(၄၉)သင်းအား (၁၆)အုပ်စုခွဲ ၍ လည်းကောင်း၊ အမျိုးသားလက်ရွေးစင်တန်ပြိုင်ပွဲတွင် (၄)သင်းအုပ်စု(၂)စုခွဲ၍လည်းကောင်း၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် အသင်း(၁၉)သင်းအား အုပ်စု(၆)အုပ်စုခွဲ၍လည်းကောင်း ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95