ရန်ကုန်၊ နိုဝင်ဘာလ (၂၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လယ်တွင် Grand Mercure Hotel၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် (International Billiards and Snooker Federation - IBSF) ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး (Annual General Meeting - AGM) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -
• ယခုကဲ့သို့ ကမ်ဘာ့တိုက်ကြီးများရှိ နိုင်ငံပေါင်း (၃၅)နိုင်ငံမှ အားကစားသမား (၁၉၇)ဦး ပါဝင်ယှဉျပြိုင်သည့် ကမ်ဘာ့အဆင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကြီးနှင့် နိုင်ငံအသီးသီးမှ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်များ၏ ဥက်ကဌများ တက်ရောက်သည့် နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် (International Billiards and Snooker Federation) ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊
• ဤပြိုင်ပွဲကြီးသည် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အားကစားသမားများ၏ ယှဉျပြိုင်မှု မှတ်တမ်းများကို လေ့လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အားကစားသမားများအတွက် အမြင်ကျယ်စေခဲ့သည့် ပြိုင်ပွဲကြီးဖြစ်ပါကြောင်း၊
• ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ 150up ဘိလိယက်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အားကစားသမားက ဒုတိယဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ခြင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊
• နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆွေးနွေးမည့် ခေါင်းစဉ် အကြောင်းအရာများသည် စုံလင်ကောင်းမွန်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဘိလိယက်နှင့် စနူကာအားကစားနယ်ပယ် အတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း၊
• နိုင်ငံ အသီးသီးမှ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဥက္ကဌများအနေဖြင့် မြန်မာနိုင်ငံ ဘိလိယက် နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အတွေ့အကြုံများနှင့် အကြံဉာဏ်များ ဝေမျှပေးအပ်ကြစေလိုပါကြောင်း၊
• ယခု ပြိုင်ပွဲကြီး နှင့် အစည်းအဝေးကြီးမှ တဆင့် အားကစားသမားများအချင်းချင်း၊ အဖွဲ့ချုပ် ဥက္ကဌများ အချင်းချင်း၊ အဖွဲ့ချုပ်များအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှုများ ပြုလုပ်ခြင်းဖြင့် ဘိလိယက်နှင့် စနူကာအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပိုမိုပေါ်ထွက်လာရေးနှင့် ဘိလိယက်နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းများကို ဝန်ကြီးဌာနမှ ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
• နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နိုင်ငံအသီးသီးမှ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအားလုံး မြန်မာနိုင်ငံတွင် ရောက်ရှိစဉ်ကာလအတွင်း ကောင်းမွန်သောအချိန်၊ အမှတ်ရဖွယ်ရာအချိန်များ ပိုင်ဆိုင်နိုင်ပါရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် (IBSF) ဥက္ကဌ Mr. Mubarak Hamad M S Al-Khayarin၊ ဒုတိယဥက္ကဌ Mr. Joseph James Leacy၊ အာရှ ဘိလိယက် အဖွဲ့ချုပ် (the Asian Confederation of Billiard Sports - ACBS) ဥက္ကဌ Mr. Mohamed Salem A S Al-Nuaimi၊ အာဖဂန်နစ်စတန်၊ သြစတြေးလျ၊ သြစတီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ တရုတ်၊ တရုတ်ဟောင်ကောင်၊ ဒိန်းမတ်၊ ဂျာမနီ၊ အိန်ဒိယ၊ အီရန်၊ အီရတ်၊ ဂျပန်၊ ကိုရီးယား၊ လတ်ဗီးယား၊ မလေးရှား၊ မော်ရစ်ရှ၊ မွန်ဂိုလီးယား၊ နယူးဇီလန်၊ ပါကစ်စတန်၊ ပိုလန်၊ ကာတာ၊ အိုင်ယာလန်၊ ရိုမေးနီးယား၊ ရုရှ၊ စင်ကာပူ၊ တောင်အာဖရိက၊ သီရီလင်္ကာ၊ ဆွီဒန်၊ ဆီးရီးယား၊ တူရကီ၊ ယူအေအီး၊ ဗီယက်နမ်၊ ဝေးလ်စ်နှင့် မြန်မာနိုင်ငံ စုစုပေါင်း နိုင်ငံ (၃၅) နိုင်ငံမှ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဥက္ကဌများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။