spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်းဆင်းပွဲကျင်းပ

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်းဆင်းပွဲကျင်းပ

 
ရန်ကုန်၊ အောက်တိုဘာလ(၂)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့်တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တို့ပူးပေါင်းကာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ဖွင့်လှစ်သင်ကြားပေးသည့် သြဂုတ်လ(၁၆)ရက်နေ့မှ အောက်တို ဘာလ(၁)ရက်နေ့အထိအခြေခံမြားပစ်သင်တန်းဆင်းကို ယမန်နေ့နေ့ လည်(၂)နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စုပေါင်းခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတန်းအတွင်း၀န် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ခေတ္တဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာ၀န်ရှိသူများ၊ မြားပစ် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ သင်တန်းဆင်းပြိုင်ပွဲ အထမ်းအမှတ် အမျိုးသား/အမျိုးသမီး (၁၀)မီတာ ရီကတ်ပြိုင်ပွဲကျင်းပပေးခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်း၀န် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးမှ သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်မှာ ၂၀၁၈-ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြားပစ်အားကစားနည်း ပါ၀င် တာကြောင့် ယခုသင်တန်းမှ အားကစားသမားများ ရှာဖွေမွေးထုတ်ပေးခြင်းနှင့် မြန်မာ့အားကစား အဆင့်အတန်းမြင့်မားလာစေရေးအတွက် အားကစား၀ါသနာရှင်များကို အရည်အချင်းပိုမို ပြည့်၀တဲ့ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေတဲ့မြားပစ် အားကစားနည်းစနစ်များ၊ နည်းဥပဒေ များကို သိရှိစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ အားကစားနည်း(၁၇)မျိုးနဲ့ ကျင်းပမှာဖြစ်ပြီး မြားပစ်အားကစားနည်းအောင်နိုင်ရေးအတွက် အဆင့်မီ အားကစားသမားများ ရရှိဖို့ လိုအပ်တဲ့အတွက် ယခုအချိန်မှာ သက်ဆိုင်ရာ တက္ကသိုလ်များနှင့် အဖွဲ့ချုပ်များပေါင်းစပ်ပြီး အားကစားသမားများ ရှာဖွေစုဆောင်းလျက်ရှိပြီး မြားပစ်အားကစားနည်းအနေဖြင့် တက္ကသိုလ်ပေါင်းစုံအခြေခံမြားပစ်သင်တန်းနှင့် အဆင့်မြင့် သင်တန်းတွေပါ ဆက်လက််ဖွင့်လှစ် သင်ကြားပေးကာ အလားအလာရှိသော သင်တန်းသားများကို ရွေးချယ်၍ မြန်မာလက်ရွေးစင် မြားပစ်အသင်းမှ တက္ကသိုလ် အဆင့် အားကစားသမားများပေါင်းစပ််ပြီး ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းသွားမှာ ဖြစ်ပါကြောင်းဖြင့်ရှင်းလင်းပြောကြားသွားသည်။
 
 
ဆက်လက်ပြီး တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ခေတ္တဒုတိယ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးအောင်ကျော်ဦးက  အမျိုးသား/အမျိုးသမီးထူးချွန်သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ပေးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်း အမျိုးသား/အမျိုးသမီး (၁၀)မီတာ ရီကတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။
 
ယခုသင်တန်းတွင် သြဂုတ်လ(၈)ရက်နေ့မှ အောက်တိုဘာလ(၁)နေ့အထိ အမျိုးသား(၂၄)ဦး၊ အမျိုးသမီး(၁၇)ဦးတို့သည် အခြေခံမြားပစ်သင်တန်းကို တက်ရောက်ခဲ့ပြီး အမျိုးသားကွန်ဘောင်း(၃)ဦး၊ အမျိုးသမီးကွန်ဘောင်း(၃)ဦး၊ အမျိုးသားရီကတ် (၃)ဦးနှင့် အမျိုးသမီး ရီကတ်(၃)ဦးတို့ကို ရွေးချယ်ခဲ့ပြီး အလားတူတက္ကသိုလ်၊ ဒီဂရီ ၊ကောလိပ်တို့မှ ရွေးချယ်ထားသော သင်တန်းသားများနှင့် ပေါင်းစပ်ကာ အဆင့်မြင့်သင်တန်းများကို ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%9E%E1%80%B0%E1%80%94%E1%80%AC%E1%80%95%E1%80%BC%E1%80%AF%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%98%E1%80%80%E1%80%BA%E1%80%95%E1%80%8A%E1%80%AC%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A