spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ ခုနှစ် (၆၀)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား စက်ဘီးပြိုင်ပွဲစတင်ကျင်းပ

၂၀၁၈ ခုနှစ် (၆၀)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား စက်ဘီးပြိုင်ပွဲစတင်ကျင်းပ

 
 
နေပြည်တော်၊ နို၀င်ဘာ (၃၀)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တို့ပူးပေါင်းကျင်းပသည့်  (၆၀)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား စက်ဘီးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင့်ရေးကွင်းနှင့် Mount Pleasant တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
 
ရှေးဦးစွာ တစ်ဦးချင်းစံချိန်ပြုစက်ဘီးစီးပြိုင်ပွဲ အမျိုးသား(၄၂)ကီလိုမီတာပြိုင်ပွဲကို ၀ဏ္ဏသိဒ္ဓိစက်ဘီးကွင်း၌ကျင်းပပြုလုပ်ရာ ကလပ်အသင်းများမှအားကစားသမား(၈)ဦး ၀င်ရောက်ယှဉ်ပြိုင်ကြရာ ကျော်ထွန်းဦး မှ  စံချိန်(၅၈:၀၁.၇၉)ဖြင့် ပထမ၊ အားစိန် မှ စံချိန် (၅၈:၅၅.၆၃)ဖြင့် ဒုတိယ၊ ဇင်လင်းကို မှ စံချိန်(၁:၀၀:၁၉.၅၃)ဖြင့် တတိယ၊ မျိုးလှိုင်၀င်းမှ စံချိန် (၁:၀၁:၅၀.၅၉)ဖြင့် စတုတ္ထ၊ အောင်ဖြိုးပိုင်မှ စံချိန် (၁:၀၃:၄၂.၆၅) ဖြင့် ပဉ္စမ ဖြင့်အသီးသီး အနိုင်ရရှိခဲ့ပါသည်။
 
 
ဆက်လက်၍ တစ်ဦးချင်းစံချိန်ပြုစက်ဘီးစီးပြိုင်ပွဲ အမျိုးသား(၂၈)ကီလိုမီတာ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကလပ်အသင်းများမှအားကစားသမား(၈)ဦး ၀င်ရောက်ယှဉ်ပြိုင်ကြရာ ကောင်းေ၀လျှံ မှ  စံချိန်(၄၁:၅၉.၇၃)ဖြင့် ပထမ၊ ရန်နိုင်ထက် မှ စံချိန်(၄၂:၀၅.၂၇)ဖြင့် ဒုတိယ၊ ဇော်ကိုကိုဦး မှ စံချိန်(၄၇:၁၀.၉၇)ဖြင့် တတိယ၊ ကျော်သက်ဦးမှ စံချိန်(၅၀:၃၂.၆၆)ဖြင့် စတုတ္ထ၊ ဖြိုးကမ္ဘာပိုင်မှ စံချိန်(၅၀:၅၉.၅၆)ဖြင့်ပဉ္စမဖြင့် အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
နေ့လယ်ပိုင်းတွင် Mount Pleasant ၌ BMX(Senior) စက်ဘီးစီးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ  ကလပ်အသင်းများမှ မျိုးဆက်သစ်အားကစားသမား (၆)ဦးယှဉ်ပြိုင်ကြရာ ဇာနည် မှ  စံချိန်(၃၅.၅၀)ဖြင့် ပထမ၊ ကောင်းထက်သာ မှ  စံချိန်(၃၆.၀)ဖြင့် ဒုတိယ၊ ေ၀ယံကျော် မှ  စံချိန်(၃၆.၆)ဖြင့် တတိယ၊ ဝေယံလင်းမှ  စံချိန်(၃၆.၉)ဖြင့် စတုတ္ထ၊ ကျော်ဇင်သန့် မှ စံချိန်(၃၈.၃) ပဉ္စမဖြင့် အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
 
ဆက်လက်၍ Mount Pleasant ၌ BMX(Senior) စက်ဘီးစီးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ  ကလပ်အသင်းများမှ မျိုးဆက်သစ်အားကစားသမား (၆)ဦးယှဉ်ပြိုင်ကြရာ သူရဇော် မှ  စံချိန်(၄၀.၈)ဖြင့် ပထမ၊ အောင်ကိုမင်း မှ  စံချိန်(၄၁.၈)ဖြင့် ဒုတိယ၊ မင်းခန့် မှ  စံချိန်(၄၄.၅)ဖြင့် တတိယ၊ အောင်ဘမှ  စံချိန်(၄၄.၆)ဖြင့် စတုတ္ထ၊ မြတ်ဖုန်းနိုင် မှ စံချိန်(၄၅.၅) ပဉ္စမဖြင့် အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
အဆိုပါ (၆၀)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလားစက်ဘီးပြိုင်ပွဲ (တစ်ဦးချင်းစံချိန်ပြု စက်ဘီးပြိုင်ပွဲ၊ အသင်းလိုက်စံချိန်ပြုစက်ဘီးပြိုင်ပွဲ၊ BMX စက်ဘီးစီးပြိုင်ပွဲ)များကို (၁.၁၂.၂၀၁၈)ရက်နေ့တွင် ၀ဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင့်ရေးကွင်းတွင် နံနက်(၇)နာရီမှစတင်ပြီး  ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စက်ဘီးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းသိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%86%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95