spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 
 
နေပြည်တော်၊ ဒီဇင်ဘာ (၁)ရက်။
 
''တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းလူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ၀န်ထမ်းများ၊ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅:၃၀)နာရီအချိန် နေပြည်တော် မြို့မဈေးရှေ့တွင်ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ၀င် ဦးတင်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား(၈၅၃၀)ဦးခန့် တစ်ပျော်တစ်ပါး စည်ကားသိုက်မြိုက်စွာ ပါ၀င် ဆင်နွှဲကြပါသည်။
 
  
 
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မဈေးရှေ့၌ နံနက်(၅:၃၀)နာရီအချိန်တွင် စတင်တာလွှတ်ပြီး ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှတစ်ဆင့် မဏိရတနာကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ ပန်း၀င်ကြပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများအား အားကစားနှင့်ကာပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြပါသည်။
 
 
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊(၂)နှင့် Free Hand Exercise လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%95%E1%80%91%E1%80%99%E1%80%95%E1%80%90%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95