လွိုင်ကော် ဒီဇင်ဘာ (၂)။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများ ပြိုင်တူဖွံ့ဖြိုးတိုးတက်စရေန် ကယားပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၅:၃၀)အချိန်တွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စုတွင် အ-ထ-က(ခွဲ)ရှမ်းရွာစုရပ်မှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုနေပြည်သူများ၊ ကျောင်းသူ၊ကျောင်းသားများ ပါဝင်ဆင်နွဲ လမ်းလျောက်ခဲ့ကြသည်။

ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို သယံဇာတနှင့်သဘာသပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ် မှ သနေတ်ပစ်ဖောက်၍ စတင်လမ်းလျှာက်ခဲ့ရာ အ-ထ-က(ခွဲ)ရှမ်းရွာ စုရပ်မှ ကျောက်တောင်ကျေးရွာကိုဖြတ်၍ လောဓလေးကျေးရွာအုပ်စု ဓမ္မစကြာဘောလုံးကွင်းသို့ စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် ဓမ္မစကြာဘောလုံးကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲအမှတ် (၁)နှင့် (၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကာ ပါဝင်ဆင်နွဲခဲ့ကြသည့် ပြည်သူလူထုနှင့်ကျောင်းသူကျောင်းသားများအား ကောက်ညှင်းပေါင်းများ ဝငှေပေးခဲ့ပြီးနောက် ဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့သည်။
အဆိုပါ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ လူထုအင်အား(၁၂၀၀)ခန့်ပါဝင်ဆင်နွဲခဲ့ကြပါသည်။