နေပြည်တော် နို၀င်ဘာ(၂၉)။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၂၀၁၈ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလားမြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းနားကို ယနေ့ညနေ(၃း၀၀)နာရီ ကပေါင်းလောင်းအားကစားကွင်းတွင် ကျင်းပရာ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ဥတ္တရသီရိမြို့နယ်က (၄)ဂိုး၊ ပျဉ်းမနားက(၁)ဂိုးဖြင့် ပထမဆုဖလားကိုရရှိသည်။ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နေရာအလိုက်အကောင်းဆုံးကစားသမားဆု ၅ဆုကို၊ တိုင်းအရာရှိများမှလည်းကောင်း၊ အဆိုပါကစားသမား၅ဦးငွေသားဆုကို နေပြည်တော်ရဲတပ်ဖွဲများကလည်းကောင်း၊ တတိယဆုအသင်းလည်ဆွဲများကို နေပြည်တော်ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဉာဏစိုးကလည်းကောင်း၊ ဒုတိယအသင်းလည်ဆွဲကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူ၊ ပထမဆုရအသင်းလည်ဆွဲဆုကို နေပြည်တော်ကောင်စီ၀င် ဦးညီထွန်းကလည်းကောင်း၊ ပထမ၊ဒုတိယ၊တတိယဆုရအသင်းများ ဆုငွေ၃သိန်း၊၂သိန်း၊ ၁သိန်းကို နေပြည်တော်ကောင်စီ၀င် ဦးအေးမောင်စိန်ကလည်းကောင်း ချီးမြှင့်ပေးပြီးပထမဆုရ ဥတ္တရသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်ကချီးမြှင့်သည်။ ဥတ္တရသီရိမြို့နယ်အသင်းက ပထမ၊ပျဉ်မနားမြို့နယ်အသင်းကဒုတိယ၊လယ်ေးမြို့နယ်အသင်းက တတိယရရှိသွားသည်။
