ပြင်ဦးလွင်၊ ဒီဇင်ဘာ (၁) ရက်။
ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများဖြစ်လာစေရန်အတွက် အေးမြသော ဆောင်းဟေမာန်ရာသီ ၏ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် (၅) နာရီခွဲက ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲကို စုပေါင်းရုံးလမ်းနှင့် မြို့ပတ်လမ်းဆုံရပ်မှ တိုင်းဒေသကြီး -လွှတ်တော် ကိုယ်စားလှယ် နှင့် ခရိုင်အားကစားမှူး ဦးကျော်သူဆွေ တို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ ကျောင်းအုပ်ကြီးများ ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများပါ၀င်သော အင်အား ( ၁၁၀၀ ) ဦးတို့ သည် စုပေါင်းရုံးလမ်းဆုံမှ မြို့ပတ်လမ်း၊ ယင်းမှ ဂန္ဓမာမြိုင် အဝိုင်းမှ နန္ဒာလမ်းအတိုင်း၊ ယင်းမှ အမျိုးသားကန်တော်ကြီးဥယျာဉ်အထိ စုပေါင်းလမ်းလျှောက်ကြရာ ကန်တော်ကြီးဥယျာဉ်အတွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ်ကြပြီး စုပေါင်းလူထုလမ်းလျှောက်ပွဲ သို့ပါ၀င်ဆင်နွဲကြသူများအား ကော်ဖီနှင့် ကောက်ညှင်း ပေါင်းတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။