spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်းတံခွန်စိုက် ဆုဖလားဆွတ်ခူး

တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်းတံခွန်စိုက် ဆုဖလားဆွတ်ခူး

 
ရန်ကုန်၊ ဒီဇင်ဘာလ(၁)ရက်။
 

တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၆/၁၊၃/၆၊၇/၆ ဖြင့် အနိုင်ရရှိပြီး တံခွန်စိုက် ဆုဖလားရရှိသွားသည်။ ပြိုင်ပွဲများအပြီး အမျိုးသမီး၊ အမျိုးသားတစ်ဦးချင်း၊ အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲ၊အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အကောင်းဆုံးအမျိုးသား အားကစားသမားဆုရ ဝင်းမျိုးကျော်(ရန်ကုန်တိုင်း) နှင့် အကောင်းဆုံးအမျိုးသမီးအားကစား သမားဆုရ အိဖြူ(မန္တလေးတိုင်း) တို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင် ၊ ဒုတိယဥက္ကဌ ဦးဇော်ထိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ကြပြီး  အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ချင်းပြည်နယ်မှ မောင်ကျုံလျန်းမန်+ မကျိန်တူးပ်မာန်တို့ကို ချင်းပြည်နယ်အစိုးရမှ ငွေကျပ်သုံးသိန်းကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇိုပါမောင် က ချီးမြှင့်သည်။

 
 
 
 
ဆက်လက်၍ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ရွှေ(၄)ခု၊ ငွေ(၂)ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က ချီးမြှင့်သည်။ 
 
အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ (၂၇)ရက်မှ (၃ဝ)ရက်အထိ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အားကစားသမား(၈ဝ)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA