spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖလားu(21)အောက်ဘောလုံပြိုင်ဖွင့်ပွဲအခမ်းအနား

တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖလားu(21)အောက်ဘောလုံပြိုင်ဖွင့်ပွဲအခမ်းအနား

 

တောင်ကြီး၊ ဒီဇင်ဘာ (၁) ရက်။

တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖလားu(21)အောက်ဘောလုံပြိုင်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁) ရက် မွန်းလွဲ (၂) နာရီ ကတောင်ကြီးမြို့နယ် ရှေညောင်မြို့ ဘောလုံးကွင်း၌ကျင်းပရာ တောင်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးမင်းထိုက်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မြင့်၊ခရိုင်လက်ထောက်ညွန် ကြားရေးမှူးဒေါ်နန်းအဲမာနှင့်အဖွဲ့ဝင်များ၊ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးခင်မောင်လွင်ကြီးနှင့်ဆပ် ကော်မတီအဖွဲ့ဝင်များ၊ မြို့ နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် ဒုဥက္ကဌ ဦးဇော်ဇော်နှင့်အဖွဲ့ဝင်များ၊ရွှေညောင်၊အေးသာယာမြို့ရှိရပ်ကွက်၊ကျေးရွာများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူနည်းပြများ၊ ဒေသခံရပ်မိ၊ ရပ်ဖများနှင့်ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြိုင်ပွဲကို မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးမြို့နယ်ဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဇော်ဇော်က ဘောလုံးကွင်းဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာတို့ကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး အေးသာယာ ရပ်ကွက် (၉) အသင်းနှင့် ရွှေဘုံသာဘောလုံးအသင်း တို့ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲအသင်း (၁၅) သင်ပါ ဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8u21%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8