ဒုတိယမြို့နယ်တရားသူကြီးများ (တရားရေးဝန်ထမ်း အဆင့်- ၄)ရာထူးများအတွက် အောင်စာရင်းထုတ်ပြန်ကြေညာ

ဒုတိယမြို့နယ်တရားသူကြီးများ (တရားရေးဝန်ထမ်း အဆင့်- ၄) ရာထူးများတွင် ခန့်ထားရန်‌ရွေးချယ်ခြင်းခံရသူများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၇၉/၂၀၂၀)ဖြင့် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါသည်-

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၀ ပြည့်နှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များ ထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ  ၂၀

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)အရ ၂၀၁၉ ခုနှစ်၏ အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၀ ပြည့်နှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

" အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဉပဒေရှုဒေါင့်မှ လေ့လာခြင်းစာအုပ် "

နေပြည်တော် ဇူလိုင် ၁၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းလျက် Nishimura & Asahi Law Firm ၏ ပညာရပ်ပိုင်းဆိုင်ရာ အကူအညီဖြင့် ရေးသားပြုစုထားသော " အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဉပဒေရှုဒေါင့်မှ လေ့လာခြင်းစာအုပ် " အား အများပြည်သူ ဖတ်ရှုလေ့လာနိုင်ပါရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြအပ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေး

နိုင်ငံတော်သမ္မတရုံး၏ ၂၁ -၅ -၂၀၂၀ ရက်စွဲပါအမိန့်အမှတ်၊ ၁၅/၂၀၂၀ ဖြင့် ဒေါ်ချိုမာမြင့်ကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါသည်။

letter No. 15/2020

ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဉပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်း

နေပြည်တော် ဇွန် ၂၆

၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဉပဒေအရ ၁၉၇၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို စိစစ်၍ နောက်ဆက်တွဲဖိုင်ဖြင့် ဖော်ပြထားပါသည်။

၁၉၇၆ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်အတွင်း ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၇၆ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်အတွင်း ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို စိစစ်တွေ့ရှိချက်နှင့်တကွ Website တွင် ဆက်လက်ကြေညာပေးမည် ဖြစ်ပါသည်။