၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရရှိသူများ Update စာရင်း ထုတ်ပြန်ခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၅-၅-၂၀၂၀ ရက်စွဲပါစာအမှတ် ၁၃၆/စု-၃၅/၂၀၂၀ (လထန) ဖြင့် ထုတ်ပြန်သည့် "ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (၁၈၇၂ ခုနှစ်) အရ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင်လိုက်နာရန်ကြေညာချက်" နှင့်အတူ ၁၉၇၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ် www.unionsupreme court. gov.mm တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။