၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာချက်
နေပြည်တော်၊ ဇန်နဝါရီ ၂၆
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသိတက်ရောက်ရန် အောက်ဖော်ပြပါ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော် ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းပြီးသူ (၁၇) ဦး၊ ယခင်အခမ်းအနားပျက်ကွက်မှ ပြန်လည် တက်ရောက်ရန် တင်ပြထားသူ(၄) ဦး နှင့် ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်း ပေးသွင်းရမည့်သူ (၂၅၀) ဦး စုစုပေါင်း (၂၇၁) ဦး ၏ အမည်စာရင်းအား ယနေ့ ထုတ်ပြန်ထားပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးငွေကျပ် ၁၀၀၀ဝိ/-၊ နှစ်စဥ်ကြေး ငွေကျပ် ၅၀၀ဝိ/- နှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်း ၃၀၀၀ဝိ/-တန် ဝယ်ယူရန်ငွေ၊ စုစုပေါင်း ၄၅၀၀ဝိ/- ကျပ်တို့ကို တရားလွှတ်တော်ရှေ့နေ များကောင်စီ၏ ငွေစာရင်း/ ငွေလွှဲစာရင်း အကောင့်အမည် BAR COUNCIL of MYANMAR @ KBZ NPT-1 ၊ အကောင့်အမှတ် 03412603402511301 သို့ သတ်မှတ်သည့်ရက် မတိုင်မီတွင် ငွေပေးသွင်းရပါမည်။
ယခင် တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ် သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းရန် ကြေညာထားသူများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော် ရှေ့နေတံဆိပ်ခေါင်းတို့အား ပေးပို့မှသာလျှင် နောင်ကျင်းပမည့် အခမ်းအနားများတွင် တက်ရောက်ရန် ထည့်သွင်းပေးမည်ဖြစ်ကြောင်း အသိပေးပါသည်။
အခမ်းအနားတက်ရောက်လိုသူများသည် Email-Lawyerlicence@usc.gov.mm သို့ ပူးတွဲပါပုံစံဖြင့် လျှောက်ထားရန်နှင့် လျှောက်ထားသူများ သည် အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့ပြီးသည့် နေ့ရက်မှစ၍ စဉ်ဆက်မပြတ် သက်တမ်းတိုးမြှင့်ထားသည့် အထက်တန်းရှေ့နေလိုင်စင် မူရင်းများ အားလုံး နှင့် တရားလွှတ်တော်ရှေ့နေများကောင်စီမှ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းများကို ၈-၂-၂၀၂၁ ရက်နေ့ မတိုင်မီတွင် ပြည့်စုံစွာ တင်ပြလာမှသာလျှင် အခမ်းအနားတက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။