Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ထိုင်းနိုင်ငံ Pattaya ကမ်းခြေတွင်ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့်သက်ကြီးတန်းအနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲသို့၀င်ရော
ရန်ကုန်၊ ဇွန်လ( ၁၅ )ရက်။
ထိုင်းနိုင်ငံ Pattaya
ကမ်းခြေတွင် ဇွန်လ(၁၈)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့်သက်ကြီးတန်း အနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ 2019 Southeast Asian Rowning and Canoeing Championship သို့၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့အား လမ်းညွှန်အမှာစကားပြောကြား ခြင်းအခမ်းအနားကို ယမန်နေ့ည(၆)နာရီက ရန်ကုန်တိုင်းဒေသကြီးအင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ၊ အုပ်ချုပ်သူနည်းပြနှင့်ကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့်မြန်မာလှေလှော်အားကစားအဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ဂါရ၀ပြုပြီး အသင်းအုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှုအခြေအနေများကိုသိလိုခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီး ရာသီဥတုပြောင်းလဲမှုရှိသောကြောင့် အစားအသောက်အနေအထိုင်အထူးဂရုပြုစေလိုပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ပြီးရင်ပြန်လည်ဖြည့်တင်းရမည့်အာဟာရနှင့် ပြိုင်ပွဲကာလအတွင်း လုံလောက်သော အစာအာဟာရ များကို စနစ်တကျ ကျွေးမွေးဖို့လိုအပ်ပြီး မိမိတို့၏တစ်နေတာ လေ့ကျင့်မှုနှင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ရသည့် အကြောင်းအရာများအား နေ့စဉ်မှတ်တမ်းတင်ထားရှိ ရန်နှင့် မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်ဖို့ လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယ၀န်ကြီးမှ သွားရောက်ယှဉ်ပြိုင်ကြမည့်အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများတစ်ဦးချင်းအား နှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါမြန်မာလှေလှော်အားကစားအဖွဲ့သည် အသင်းအုပ်ချုပ်သူ(၁)ဦး၊ နည်းပြချုပ်/နည်းပြ(၃)ဦး၊ အားကစားသမား(၁၅)ဦး၊ စုစုပေါင်း(၁၉)ဦးသည် ဇွန်လ(၁၈) ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်းသိရှိရသည်။
7 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display