မင်းတပ်
ချင်းပြည်နယ် မင်းတပ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသောဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှားအားကစားစုပေါင်း လမ်းလျှောက်ပွဲကို မင်းတပ်မြို့ပေါ်ရှိခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေမိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ယနေ့ နံနက် ၅ နာရီခွဲတွင် မင်းတပ်မြို့ မြို့မဘောလုံးကွင်းမှအနောက်ရပ်ကွက် မင်းတပ်-မတူပီလမ်းအတိုင်း ကန်ပက်လက် လမ်းခွဲအထိ စုပေါင်းလမ်းလျှောက်ကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေမိဘ ပြည်သူများနှင့် ကျောင်းသား/သူများစုစုပေါင်း ၂၅၀ဝ ခန့်ပါဝင်ခဲ့ကြပြီး မင်းတပ်မြို့ မြို့မဘောလုံးကွင်း၌ Physical Fitness Dances အကဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်း ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှား အားကစားစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနကကောက်ညှင်းပေါင်းနှင့် ရေသန့်ဘူးများ ပေးဝေကြောင်း၊ ဒီဇင်ဘာလ(တတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင်ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွီရှိန်း(ခရိုင်ပြန်/ဆက်)