skip to content

နေပြည်​​တော်​ မတ်​ ၅။
ပြည်​​ထောင်​စုနယ်​​မြေ ​နေပြည်​​တော်​ လယ်​​ဝေးမြို့နယ်​ စမ​တောင်​ပရဟိတ​ဂေဟာတွင် ​ယ​နေ့နံနက်​(၀၈:၀၀)နာရီက ​ပရဟိတ​ဂေဟာ ဘက်​စုံသုံး​ခန်းမတွင်​​ နွေရာသီအားကစားသင်​တန်းများဖြစ်​​သော ဝူရှူး၊ တိုက်​ကွမ်​ဒို၊ ​ဘောလုံး၊​ ဘော်​လီဘော၊ မြန်​မာကြံ့ခိုင်​မှု အကသင်​တန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ​နေပြည်​​တော်​​ကောင်​စီ၀င်​ ဦးတင်​ထွန်း တက်​​ရောက်​အမှာစကား​ပြော၍ ဖွင့်လှစ်​​ပေးသည်​။

အဆိုပါ အခမ်းအနားသို့​​ နေပြည်​​တော်​​ကောင်​စီ၀င်​ ဦးတင်​ထွန်း၊ ပြည်​​ထောင်​စုနယ်မြေ ညွှန်​ကြား​ရေးမှူး ဦးတင်​​ဇော်​ထွန်း၊ ဒုတိယညွှန်​ကြားရေးမှူး ဦးသန်းထိုက်​ဦး၊ လယ်​​ဝေးမြို့နယ်​ ဒုတိယအုပ်​ချုပ်​​ရေးမှူး၊ မြို့နယ်​အားကစားမှူးများ​၊​ ဂေဟာတာ၀န်​ရှိသူများ၊ သင်​တန်းနည်းပြများနှင့် သင်​တန်းသား/သူများ ၃၅၀ဦး တက်ရောက်​ကြသည်​။​ နေပြည်​​တော်​​ကောင်​စီ၀င်​ ဦးတင်​ထွန်းမှ အားကစားပစ္စည်းများ​ ထောက်​ပံ့​ပေးအပ်​ပြီး အားကစားသရုပ်​ပြ ကစားပြသပြီး အခမ်းအနားကို ရုတ်​သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

 

 


back to top Eng