မန္တလေး ဇန်နဝါရီ ၁၂
မန္တလေး-မင်းကွန်း စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်း အို-စတိုးရှေ့ တာလွှတ်စုရပ်နေရာ၌ ကျင်းပခဲ့သည်။ စုပေါင်းစက်ဘီးစီးနင်းပွဲသို့ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ တံတားဦးနှင့် အနီးဝန်းကျင်မြို့တို့ရှိ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးစီး ဝါသနာရှင် သက်ကြီး၊ သက်လတ်၊ သက်ငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ စုစုပေါင်း ၂၀၀ ကျော်ပါဝင်ခဲ့ကြပြီး သတ်မှတ်တာလွှတ်စုရပ်၌ နေရာယူကြသည်။
ထို့နောက် Trinxbike - စက်ဘီးစီးဂျာစီ အင်္ကျီဆင်တူ များ ပေးဝေဝတ်ဆင်စေပြီး စက်ဘီးစီးဝါသနာရှင်များအား ပြိုင်ပွဲဦးဆောင်သူ s ဦးအောင် ဝင်းထွန်းက အမှာစကား ပြောကြားပြီး စုပေါင်းစက်ဘီး စီးနင်းပွဲကို စတင်စေခဲ့ရာ စက်ဘီး စီးဝါသနာရှင်များသည် တာထွက်စုရပ် (၇၈)လမ်းမှ ဦးပွားဂုံးကျော်သို့ ထိုမှ မန္တလေး- စစ်ကိုင်း ကားလမ်းအတိုင်း ကန်တော်ကြီးကန်ပတ်လမ်းမှ ကမ်းနားလမ်းအတိုင်း ဧရာဝတီ (ရတနာပုံ)တံတားမှ စစ်ကိုင်း မြို့ကို ဖြတ်သန်းစီးနင်း၍ တံတားထိပ်တွင် ဓာတ်ပုံရိုက် ကြသည်။
ထိုမှ စက်ဘီးစီးသူများသည် တံတားမှ မင်းကွန်းလမ်းအတိုင်း စုပေါင်းစက်ဘီးစီးနင်းခဲ့ရာ ခိုတောင်ရွာ၌ နံနက်စာ ခိုတောင်မုန့်တီ သုံးဆောင်၍ မင်းကွန်း ကားလမ်းအတိုင်း ပုထိုးတော်ကြီးသို့ ဆက်လက် စီးနင်း ရောက်ရှိခဲ့ကြကာ စုပေါင်း အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တင်မောင်(မန်းကိုယ်ပွား)